အသက် ၄၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ တရုတ်မင်းသမီးကျန်းဇီယီဟာ တရုတ်နိုင်ငံရဲ့ကလေးများနေ့ဖြစ်တဲ့ ဇွန်လ ၁ ရက်နေ့က သူ့ရဲ့ကလေး ၂ ဦးနဲ့အတူ ရိုက်ထားတဲ့ Snap ပုံတွေကို မျှဝေလာခဲ့ပါတယ်။ ကလေး ၂ဦးရဲ့ဖခင်ဖြစ်တဲ့ တရုတ်အဆိုတော် ဝမ်ဖန်နဲ့ ၂၀၁၅ ခုနှစ်က လက်ထပ်ခဲ့ကြပေမဲ့ မင်္ဂလာသက်တမ်း ၈ နှစ်အကြာ ၂၀၂၃ ခုနှစ်မှာ ကွာရှင်းခဲ့ကြပါတယ်။ ၉ နှစ်အရွယ် သမီးလေး ရှင်းရှင်းနဲ့ ၅ နှစ်အရွယ်သားလေး ရှောင်လောင်ဟူတို့ကိုတော့ သူတို့နှစ်ဦးလုံးက စောင့်ရှောက်ကြပါတယ်။



သူ မျှဝေခဲ့တဲ့ဓာတ်ပုံတွေမှာ သားငယ်လေးရဲ့မျက်နှာကို မပြထားပေမဲ့ ရှင်းရှင်းကိုတော့ ဓာတ်ပုံတော်တော်များများမှာ သူနဲ့အတူ မြင်တွေ့ခဲ့ရပါတယ်။ ဒီဓာတ်ပုံတွေက ရှားပါးဓာတ်ပုံတွေပါပဲ။ ကျန်းဇီယီက သူ့ရဲ့ကလေးတွေနဲ့ပတ်သက်ပြီး ချပြလေ့မရှိပါဘူး။ အဲဒီဓာတ်ပုံတွေက လူမှုကွန်ယက်အသုံးပြုသူတွေရဲ့အာရုံကို ချက်ချင်းဖမ်းစားနိုင်ခဲ့ပြီး ရှင်းရှင်းနဲ့ပတ်သက်ပြီး ကွန်မန့်တွေပေးခဲ့ကြပါတယ်။ တချို့ကတော့ ရှင်းရှင်းက အဖေနဲ့ တူတယ်လို့ ဆိုကြပြီး တချို့ကတော့ ကျန်းဇီယီနဲ့ ပိုတူတယ်လို့ ဆိုကြပါတယ်။



ဝမ်ဖန်နဲ့ ဇီယီတို့က ကွာရှင်းခဲ့ပြီးတဲ့နောက်မှာ သူတို့ရဲ့ဆက်ဆံရေးက ကောင်းနေတုန်းပါပဲ။ သူတို့နှစ်ဦးက သားသမီးတွေနဲ့အတူ ၂၀၂၄ခုနှစ်အစောပိုင်းမှာ ဂျပန်ကို အလည်အပတ်ခရီးထွက်ခဲ့ကြပါသေးတယ်။ သူတို့နဲ့အတူ ပထမအိမ်ထောင်နဲ့ ရထားတဲ့ ဝမ်ဖန်ရဲ့ အသက် ၂၀ အရွယ်သမီးဖြစ်သူလည်း လိုက်ပါခဲ့ပါတယ်။
Ref: Zhang Ziyi Shares Rare Pics Of 9-Yr-Old Daughter, Whom Netizens Say Resemble Ex Husband Wang Feng
WL ( ရိုးရာလေး)