တံထွေးနဲ့ထွေးခံရပြီး COVID-19 ရောဂါကူးစက်ခံခဲ့ရတဲ့ ဘူတာရုံဝန်ထမ်းအမျိုးသမီး ကွယ်လွန်

13-5-2020-yyl-015.jpg

COVID-19 ရောဂါရှိတယ်ဆိုတဲ့ အမျိုးသားတစ်ယောက်ရဲ့ တံထွေးနဲ့ထွေးခြင်း ခံခဲ့ရပြီးနောက်မှာ COVID-19 ရောဂါ ကူးစက်ခံခဲ့ရတဲ့ ဘူတာရုံဝန်ထမ်း အမျိုးသမီး ကွယ်လွန်သွားပြီလို့ ဘီဘီစီသတင်းဌာနက ဖော်ပြပါတယ်။ အသက် ၄၇ နှစ်ရှိတဲ့ မူဂျင်ဂါဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါအခံရှိသူပါ။ မတ်လ ၂၂ ရက်က လန်ဒန်မြို့ ဗစ်တိုးရီးယားဘူတာရုံမှာ အလုပ်လုပ်နေတုန်း အမျိုးသားတစ်ယောက်က မူဂျင်ဂါရဲ့အနားကို ချဉ်းကပ်လာပြီး ”ဘာလုပ်နေတာလဲ။ ဘာလို့ ဒီမှာ ရှိနေတာလဲ”လို့ မေးမြန်းခဲ့ပါတယ်။ ” သူက အလုပ်လုပ်နေတာလို့ ပြန်ပြောလိုက်တော့ အဲဒီအမျိုးသားက သူ့မှာ ကိုရိုနာဗိုင်းရပ်စ်ရှိတယ်လို့ ပြောပြီး သူ့ကို တံထွေးနဲ့ထွေးခဲ့တာပါ”လို့ မူဂျင်ဂါရဲ့ခင်ပွန်း ကာတာလေက ပြောပါတယ်။

မူဂျင်ဂါရဲ့ လုပ်ဖော်ကိုင်ဖက် အမျိုးသမီးတစ်ယောက်လည်း တံထွေးနဲ့ ထွေးခံခဲ့ရပါတယ်။ ရက်ပိုင်းအကြာမှာတော့ သူတို့ ၂ ယောက်လုံး COVID-19 ရောဂါကူးစက်ခံရနေပြီလို့ စစ်ဆေးတွေ့ရှိခဲ့တာပါ။ သူတို့ ၂ ယောက်ကို တံထွေးနဲ့ထွေးခဲ့တဲ့ အမျိုးသားကို ခြေရာခံနိုင်ဖို့ စုံစမ်းစစ်ဆေးမှုတွေလုပ်နေတယ်လို့ ဗြိတိန်နိုင်ငံ ပို့ဆောင်ရေးရဲတပ်ဖွဲ့က ပြောပါတယ်။ ဧပြီလ ၂ ရက်မှာ မူဂျင်ဂါကို ဘားနက်ဆေးရုံ တင်ပို့ခဲ့ပြီး အသက်ရှူစက်တပ်ပေးခဲ့ပေမဲ့ နောက်သုံးရက်အကြာမှာ ကွယ်လွန်သွားခဲ့တာလို့ ဆိုပါတယ်။ မူဂျင်ဂါရဲ့ ဈာပနအခမ်းအနားကို အသက် ၁၁ နှစ်အရွယ် သမီးဖြစ်သူအပါအဝင် လူ ၁၀ ယောက်ပဲ တက်ရောက်ခွင့်ရခဲ့ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top