နှစ်သန်း (၅၀၀) ကျော်ကြာရှင်သန်ခဲ့ဖူးတဲ့ သက်ရှိတစ်မျိုးက တိရိစ္ဆာန်မျိုးနွယ် တစ်ခုဖြစ်ကြောင်းလေ့လာတွေ့ရှိ

theguardian01.jpg

Ediacaran သက်ရှိတွေနဲ့ပတ်သက်ပြီး ဇီဝဗေဒပညာရှင်တွေက ဆယ်စုနှစ်များစွာအဖြေရှာခဲ့ကြတာပါ။ ပညာရှင်မဟုတ်သူတွေရဲ့ အမြင်မှာတော့ ဒါဟာ အလျား (၁၀) စင်တီမီတာရှိလက်တံပုံစံအပင်တစ်မျိုးလို့ မြင်မိမှာသေချာပါတယ်။

ဒီသတ္တဝါဆန်းတွေဟာ ကမ္ဘာ့ပင်လယ်သမုဒ္ဒရာတွေထဲမှာ နှစ်သန်းရာချီကြာကြီးစိုးခဲ့ကြဖူးသူတွေပါ။ သူတို့က ရေညှိတွေလား၊ မှိုတွေလား ဒါမှမဟုတ် ဆက်လက်ရှင်သန်နိုင်စွမ်းဆုံးရံှုးသွားခဲ့ရတဲ့ တခြားတစ်နေရာကသက်ရှိမျိုးနွယ်တစ်ခုလားဆိုတာက သိပ္ပံပညာရှင်တွေကို အတော်အကြပ်ရိုက်စေခဲ့တဲ့ပြဿနာတစ်ခုဖြစ်စေခဲ့ပါတယ်။

နောက်ဆုံးမှာတော့ သူတို့ဟာ ဒီနေ့ခေတ်သက်ရှိတွေနဲ့ ကွဲပြားခြားနားတဲ့ပုံစံရှိပြီး ရွေ့လျားသွားလာနိုင်တဲ့ တိရိစ္ဆာန်မျိုးစိတ်တစ်ခုဖြစ်ခဲ့တယ်လို့ Ediacaran တွေရဲ့ ပုံသဏ္ဍာန်ကို ပြန်စုစည်းဖန်တီးလေ့လာခဲ့တဲ့ ဘူမိဇီဝပညာရှင် (၂) ဦးက ကောက်ချက်ချအဖြေထုတ်နိုင်ခဲ့ကြပါပြီ။

သိပ္ပံပညာရှင်တွေက Ediacaran သက်ရှိတွေရဲ့ရုပ်ကြွင်းတွေကို ကြစတေးလျနိုင်ငံတောင်ပိုင်း၊ Ediacara တောင်ကုန်းေဒေသမှာ ၁၉၄၆ ခုနှစ်က စတင်ရှာဖွေ့တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။ ဒါကြောင့်လည်း Ediacaran လို့ အမည်ရခဲ့တာပါ။

Cambrian ဓာတ်ရောင်ခြည်သင့်မှုကာလကပေါ်ပေါက်ခဲ့ပြီး သူတို့နဲ့မျိုးနွယ်ချင်းလည်းနီးတဲ့ ကဏန်း၊ ကျောက်ပုဇွန်မျိုးနွယ်တွေပေါ်ပေါက်မလာသေးခင်အချိန် (လွန်ခဲ့တဲ့နှစ်ပေါင်း (၅၄၁) သန်းလောက်) မှာ Ediacaran တွေအားလုံး မျိုးသုဉ်းသွားကြပုံရတယ်လို့ လေ့လာသူတွေကဆိုထားပါတယ်။

Ref: Sciencemag.org “These half-billion-year-old creatures were animals”
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply