ပထမဆုံးအကြိမ်အဖြစ် မြင်တွေ့ခွင့်ရတော့မယ့် တွင်းနက် (Blackhole) တစ်ခုရဲ့ပုံရိပ်

1-WPVEKyVTqXTx7ZM-cH0v0A.png

ဒီနေ့ ဧပြီ (၁၀) ရက်နေ့ကတော့ ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ အာကာသသိပ္ပံပညာရပ်ကို စိတ်ဝင်စားသူတွေအတွက်တော့ ထူးခြားကြီးကျယ်တဲ့နေ့တစ်နေ့ပါပဲ။ ဘာကြောင့်လဲဆိုတော့ European Southern Observatory က တွင်းနက်တွေနဲ့ပတ်သက်တဲ့ အထူးကြေညာချက်တစ်ခုကို ထုတ်ပြန်သွားတော့မှာ ဖြစ်လို့ပါ။

The Event Horizon တယ်လီစကုပ်ဟာ မစ်ကီးဝေးဂလက်ဇီရဲ့ အလယ်ဗဟိုနားက သိပ်သည်းဆများပြားလှတဲ့ Sagittarius A တွင်းနက်ကြီးရဲ့ပုံရိပ်ကို ရိုက်ကူးထားပြီဖြစ်

The Event Horizon တယ်လီစကုပ်ဟာ မစ်ကီးဝေးဂလက်ဇီရဲ့ အလယ်ဗဟိုနားက သိပ်သည်းဆများပြားလှတဲ့ Sagittarius A တွင်းနက်ကြီးရဲ့ပုံရိပ်ကို ရိုက်ကူးထားပြီဖြစ်ပြီး အဲဒီဓာတ်ပုံကို ဒီနေ့မှာ ထုတ်ဖော်ပြသသွားဖွယ်ရှိနေပါတယ်။ Event Horizon တယ်လီစကုပ်က ရရှိထားတဲ့ပုံရိပ်တွေက သာမန်မြင်တွေ့နေကျပုံရိပ်မျိုးမဟုတ်ဘဲ Event Horizon တယ်လီစကုပ်က ရလာတဲ့ ဒေတာတွေကို လူတွေကြည့်ရှုလို့ရနိုင်မယ့် ပုံရိပ်ဖြစ်အောင် ပြင်ဆင်မှုတွေ ပြန်လည်ပြုလုပ်ရမှာဖြစ်ပါတယ်။

ဒီဖြစ်ရပ်ဟာ အာကာသသိပ္ပံပညာရပ်သမိုင်းမှာ မှတ်တမ်းဝင်သွားမယ့်ဖြစ်ရပ်ဖြစ်ပြီး အခြေခံရူပဗေဒနိယာမတွေနဲ့ စကြဝဠာကြီးကို ကျွန်တော်တို့ နားလည်သဘောပေါက်ထားကြပုံနဲ့ ပတ်သက်ပြီး ကဏ္ဍသစ်တစ်ရပ်ကို ထပ်မံဖွင့်လှစ်လိုက်နိုင်တာလည်း ဖြစ်ပါတယ်။

တွင်းနက်တစ်ခုရဲ့ပုံရိပ်ကို လူသားတွေရဲ့သမိုင်းမှာ ပထမဆုံးအနေနဲ့ အခုမြင်တွေ့ရတော့မှာပါ

European Commission, European Research Council နဲ့ Event Horizon Telescope project အဖွဲ့သားတွေဟာ ဒီနေ့ မြန်မာစံတော်ချိန် ည (၇) နာရီခွဲမှာ ကြေညာချက် တစ်ခုကို ပြုလုပ်သွားမှာဖြစ်ပြီး အဲဒီကြေညာချက်ကို European Commission YouTube channel နဲ့ the National Science Foundation တို့ကနေ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

ကဲ…တွင်းနက်တစ်ခုရဲ့ပုံရိပ်ကို လူသားတွေရဲ့သမိုင်းမှာ ပထမဆုံးအနေနဲ့ အခုမြင်တွေ့ရတော့မှာပါ။ ဒါ့အပြင် ကျွန်တော်တို့ဟာ ဒီလိုမြင်ခွင့်ရတဲ့ ပထမဆုံးသော လူသားမျိုးဆက်လည်းဖြစ်တာမို့ ကြည့်ဖြစ်အောင် ကြည့်လိုက်စေချင်ပါတယ်။

Ref: CNN, Space.com
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top