ကမ္ဘာ့တစ်ဝှမ်းက ကလေးငယ် လေးပုံတစ်ပုံက ပညာရေးယိုယွင်းပြိုကျမှုနဲ့ ရင်ဆိုင်ကြုံတွေ့နေရ

UNI330866.jpg

ရန်ကုန်၊ စက်တင်ဘာ (၉)

ကမ္ဘာ့နိုင်ငံတစ်ဝှမ်းက ကလေးငယ် လေးပုံတစ်ပုံက ပညာရေးမှာ ယိုယွင်းပြိုကျမှု အခြေအနေတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ Save the Children က ထုတ်ပြန်လိုက်ပါတယ်။

အခုဆိုရင် ကမ္ဘာ့နိုင်ငံပေါင်း (၄၈) နိုင်ငံက ပညာရေးကဏ္ဍမှာ ယိုယွင်းပြိုလဲလုနီးပါးအခြေအနေ ကြုံနေရပြီဖြစ်တယ်လို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကမ္ဘာ့နိုင်ငံတွေက ပုံမှန်စာသင်နှစ်ကို ပြန်လည်စတင်နိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်နေချိန်မှာ Covid-19 ရောဂါကာကွယ်ရေးဆိုင်ရာ ကန့်သတ်ချက်တွေ၊ ကပ်ရောဂါကြောင့် စီးပွားရေး ထိခိုက်မှုစတဲ့ သက်ရောက်မှုတွေကြောင့် ကလေးငယ် သန်းပေါင်းများက စာသင်ခန်းတွေကို ပြန်လည်ရောက်ရှိမလာနိုင်တော့တာဖြစ်ပါတယ်။

ရာသီဥတု ပြောင်းလဲမှု၊ ကိုဗစ်ရောဂါ ကာကွယ်ဆေး မရရှိမှု၊ နေရာရွှေ့ပြောင်းနေထိုင်ရမှု၊ ဒစ်ဂျစ်တယ်ဆက်သွယ်ရေးနစ် မရှိမှုတွေက ကျောင်းပညာရေးကို ထိခိုက်စေတာဖြစ်တယ်လို့ လေ့လာမှုအသစ်မှာ ဖော်ပြထားပါတယ်။

ကိုဗစ်ကပ်ရောဂါ မတိုင်မီကပင် ကမ္ဘာ့တစ်ဝှမ်းမှာ ပညာဆက်လက် သင်ယူခြင်းမရှိတဲ့ ကလေး (၂၅၈) သန်းရှိနေပါပြီး ကိုဗစ်ရောဂါ ဖြစ်ပွားပြီးနောက် ကျောင်းပြင်ပကို ရောက်ရှိသွားတဲ့ ကလေးသူငယ်အရေအတွက် ပိုမိုမြင့်တက်လာပါတယ်။
ကိုဗစ်ကပ်ရောဂါဟာ ကမ္ဘာ့တစ်ဝှမ်းက သင်ကြားလေ့လာသူတွေရဲ့ (၉၀) ရာခိုင်နှုန်း ကျော်ကို နှောင့်နှေးမှု ဖြစ်ပေါ်စေခဲ့တာဖြစ်တယ်လို့ အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြထားပါတယ်။

Photo- Internet
Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top