ဦးနှောက်လုပ်ဆောင်ချက်တိုးစေဖို့ ကော်ဖီသောက်သုံးတဲ့အခါ မလုပ်သင့်တဲ့အရာများ

7-9-2021-yyl15.jpg

ကျန်းမာရေးဆိုင်ရာကျွမ်းကျင်ပညာရှင်တွေကြားမှာ ကော်ဖီသောက်သုံးတာနဲ့ပတ်သက်ပြီး ကွဲလွဲမှုတွေရှိနေပါတယ်။ သိပ္ပံနည်းအရတော့ ကော်ဖီသောက်ခြင်းမှာ ကျန်းမာရေးအကျိုးကျေးဇူးများစွာရှိပါတယ်။ တစ်ချိန်တည်းမှာပဲ ကျန်းမာရေးနဲ့ပတ်သက်ပြီး မကောင်းတဲ့အကျိုးသက်ရောက်မှုတွေဖြစ်စေနိုင်တဲ့ အလားလာရှိတယ်ဆိုတာကလည်း ငြင်းလို့မရပါဘူး။ ကော်ဖီက သင့်ကို လန်းဆန်းတက်ကြွစေတယ်။ စိတ်ခံစားချက်ကောင်းစေတယ်။ အာရုံစူးစိုက်နိုင်စွမ်းတိုးစေတယ်။ ဉီးနှောက်လုပ်ဆောင်ချက်ကောင်းစေပါတယ်။ ကော်ဖီစေ့မှာ နာတာရှည်ရောဂါဖြစ်နိုင်ခြေကို ဖြတ်တောက်ပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်တဲ့ အန်တီအောက်စီဒန့်ဓာတ်တွေပါဝင်ပါတယ်။ ကော်ဖီကို နည်းစနစ်မှန်မှန်နဲ့သောက်မယ်ဆိုရင်တော့ ဒီကျန်းမာရေးအကျိုးကျေးဇူးတွေကို ရနိုင်မှာပါ။ သင်က ကော်ဖီချစ်သူဖြစ်တဲ့အတွက် ကော်ဖီသောက်တဲ့နေရာမှာ ကျွမ်းကျင်နိုင်ပေမဲ့ သင်သတိမထားမိရင် တစ်ခုခုမှားယွင်းသွားနိုင်ပါတယ်။

ကော်ဖီမှာ အာရုံကြောစနစ်ကို သက်ရောက်စေနိုင်တဲ့ ကဖင်းဓာတ်ပါဝင်ပါတယ်။ ကဖင်းဓာတ်က ဉီးနှောက်လုပ်ဆောင်ချက်ကို ရေတိုအနေနဲ့ မြှင့်တင်ပေးနိုင်တယ်လို့ လေ့လာချက်က ဆိုထားပါတယ်။ ဒါပေမဲ့ ဉီးနှောက်လုပ်ဆောင်ချက်နဲ့ပတ်သက်ပြီး အကျိုးနည်းစေနိုင်တဲ့ အမှားတွေ မလုပ်မိစေဖို့တော့ နည်းလမ်းမှန်မှန်နဲ့ ကော်ဖီကို သောက်သုံးပေးသင့်ပါတယ်။ ကော်ဖီသောက်သုံးတဲ့အခါ ဘယ်လိုအမှား‌တွေ မလုပ်မိဖို့လိုလဲဆိုရင်

ကော်ဖီပမာဏအများကြီးသောက်သုံးတာ

လူတစ်ယောက်က တစ်နေ့ကို ကော်ဖီ (၂) ခွက်ထက် ပိုမသောက်သုံးသင့်ပါဘူး။ နှစ်ခွက်ပေါင်း ကဖင်းဓာတ် ၂၅၀ မီလီလီတာက သင့်ကို အန္တရာယ်မဖြစ်စေပေမဲ့ အဲဒါထက် လွန်သွားရင် ဝမ်းဗိုက်နာကျင်တာ၊ လေဖြန်းတာ၊ သွေးအတွင်း အက်စစ်ဓာတ်မြင့်မားတာ၊ နှလုံးခုန်မြန်တာ၊ နှလုံးဆီ သွေးစီးဆင်းမှု လျော့နည်းတာတွေဖြစ်လာနိုင်ပါတယ်။ ဒီဟာတွေအကုန်လုံးက သင့်ရဲ့အသက်ရှည်နေနိုင်မှုကို လျော့နည်းသွားစေနိုင်ပါတယ်။ စိုးရိမ်ပူပန်မှုများလာတာ၊ အိပ်မပျော်တာ၊ တစ်ချိန်လုံးပင်ပန်းတာတွေလည်းဖြစ်လာနိုင်ပါတယ်။

သကြားအထည့်များတာ

သကြားမှာ ကယ်လိုရီများပြီး အာဟာရဓာတ်ကတော့ ဇီးရိုးပါပဲ။ ကော်ဖီကို မသောက်ရမနေနိုင်တဲ့သူ၊ သကြားများတာကို ကြိုက်တဲ့သူဆိုရင် အန္တရာယ်များပါတယ်။ သကြားအများကြီးထည့်တာက စွမ်းအင်ကုန်ခန်းစေနိုင်သလို အဝလွန်တာနဲ့ ဆီးချိုရောဂါတွေဖြစ်လာနိုင်ခြေများပါတယ်။ ကော်ဖီထဲကို သကြားလျော့ထည့်ပြီး သောက်သုံးပါ။ ကော်ဖီထဲကို သကြားမထည့်ဘဲ သစ်ကြံပိုးခေါက်အမှုန့်ထည့်သောက်သုံးမယ်ဆိုရင်လည်း အချိုဓာတ်ရနိုင်ပါတယ်။

နေ့ခင်း (၂) နာရီနောက်ပိုင်းမှ သောက်သုံးတာ

ကော်ဖီဟာ ကမ္ဘာတစ်ဝှမ်းက လူတော်တော်များများ ကြိုက်နှစ်သက်ကြတဲ့ အရည်ပါပဲ။ ပင်ပန်းနွမ်းလျသလိုခံစားရရင် ကော်ဖီတစ်ခွက်သောက်လိုက်တာနဲ့ စွမ်းအင်တွေပြည့်လာကြပါတယ်။ ဒါပေမဲ့ နေ့ခင်း (၂) နာရီနောက်ပိုင်းမှ ကော်ဖီသောက်သုံးတာက သင့်ရဲ့အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်စေပြီး ညနက်တဲ့အထိ မအိပ်နိုင်ဘဲ နိုးကြားနေမှာဖြစ်ပါတယ်။ အိပ်ရေပျက်မယ်ဆိုရင် သင့်ရဲ့ဉီးနှောက်လုပ်ဆောင်ချက်မှာ ဆိုးကျိုးသက်ရောက်နိုင်ပါတယ်။ (၂) နာရီနောက်ပိုင်းမှ သောက်ချင်တယ်ဆိုရင်တော့ ကဖင်းဓာတ်လျော့ပြီး သောက်သုံးပေးသင့်ပါတယ်။

Ref: Coffee lovers avoid these 3 mistakes while brewing your cup to improve your brain health

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top