ထိုင်းကမ်းလွန်ဘက် ပင်လယ်ပြင်ထဲမှာ အိမ်ဆောက်ခဲ့တယ်ဆိုတဲ့ အမေရိကန်အမျိုးသားနဲ့ သူ့ချစ်သူတို့ သေဒဏ်ချမှတ်ခံရဖွယ်ရှိ

57190333_2336129999751240_7324143764920860672_n.jpg

ထိုင်းနိုင်ငံ ကမ်းလွန်ဘက်က ပင်လယ်ပြင်ထဲမှာ အိမ်ဆောက်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ အမေရိကန်အမျိုးသားနဲ့ သူ့ချစ်သူကို ထိုင်းရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေပြီး အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရင် သေဒဏ်အထိ ချမှတ်ခံရဖွယ်ရှိနေပါတယ်။ အမေရိကန်အမျိုးသား အယ်ဝါတိုစကီးနဲ့ သူ့ချစ်သူ စူပရာနီတို့က ထိုင်းနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ခြိမ်းခြောက်နေတယ်လို့ ထိုင်းရေတပ်က ပြောခဲ့ပြီးနောက် သူတို့ နှစ်ယောက်လုံး ပုန်းရှောင်နေကြပါတယ်။

သူတို့ရဲ့နေအိမ်ကတော့ ဖူးခတ်ကမ်းရိုးတန်းကနေ ၁၂ မိုင်ကွာဝေးတဲ့ ကမ်းလွန်မှာ တည်ရှိပြီး ၆၅ ပေမြင့်တဲ့ စင်မြင့်တစ်ခုပေါ်မှာ တည်ဆောက်ထားတာပါ။ သူ့ရဲ့အိမ်က ထိုင်းကမ်းခြေနဲ့ ၁၃ မိုင်ကွာဝေးတဲ့နေရာမှာ တည်ရှိလို့ ထိုင်းနိုင်ငံရဲ့ တရားစီရင်ရေးပြင်ပမှာ ရှိတယ်လို့ အယ်ဝါတိုစကီးက ပြောပါတယ်။ အရင်တုန်းက အမေရိကန်စစ်တပ်အတွက် ဆော့ဖ်ဝဲအင်ဂျင်နီယာလုပ်ခဲ့တဲ့ အယ်ဝါတိုစကီးဟာ နောက်ပိုင်းမှာတော့ ဒီဂျစ်တယ်ငွေကြေး Bitcoin ရဲ့ ရင်းနှီးမြှုပ်နှံသူတစ်ယောက် ဖြစ်လာပါတယ်။

သူတို့ချစ်သူနှစ်ဦးဟာ နိုင်ငံတစ်နိုင်ငံရဲ့ ဥပဒေနဲ့ သက်ဆိုင်ခြင်းမရှိတဲ့ နိုင်ငံတကာရေပိုင်နက်ထဲမှာ နေအိမ်တွေ တိုးမြှင့်ဆောက်လုပ်ကြစေဖို့ လှုပ်ရှားမှုမှာ ပါဝင်နေသူတွေပါ။ အဲဒီလိုနေအိမ်တွေအတွက် ရန်ပုံငွေထောက်ပံ့ပေးနိုင်ဖို့ လှုပ်ရှားနေတဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်အဖွဲ့(Ocean Builders)မှာလည်း သူတို့နှစ်ယောက် ပါဝင်ပါတယ်။ သူတို့နှစ်ယောက်ဟာ ပင်လယ်ပြင်မှာ အိမ်ဆောက်ဖို့အတွက် ခွင့်ပြုချက်တောင်းခံခဲ့ခြင်းမရှိဘူးလို့ ထိုင်းရေတပ်က ပြောပါတယ်။ အငြင်းပွားစရာဖြစ်နေတဲ့ အဲဒီအဆောက်အအုံကို ဖေဖော်ဝါရီလကတည်းက တည်ဆောက်ထားတာဖြစ်ပေမဲ့ ထိုင်းနိုင်ငံ အာဏာပိုင်တွေကတော့ ဒီတစ်ပတ်ကျမှ တွေ့ခဲ့တာပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top