အမှားနည်းနည်းလုပ်မိရင် အမေရိကန်နဲ့ အစ္စရေးနိုင်ငံကို ပစ်ခတ်တိုက်ခိုက်မယ်လို့ အီရန် သတိပေး

yyl-035-4.jpg

အမေရိကန်နဲ့ အစ္စရေးနိုင်ငံတွေဘက်က အမှားနည်းနည်းလောက်လုပ်မိတာနဲ့ ပစ်ခတ်တိုက်ခိုက်ဖို့ အသင့်ပဲလို့ အီရန်တော်လှန်ရေးသက်စောင့်တပ်ဖွဲ့ ခေါင်းဆောင်က ပြောပါတယ်။ အီရန်တော်လှန်ရေးသက်စောင့်တပ်ဖွဲ့ရဲ့ ကွက်တပ်ဖွဲ့(Quds)ခေါင်းဆောင် ဆိုလေမာနီ လုပ်ကြံခံရတဲ့ ရက် ၄၀ ပြည့် အထိမ်းအမှတ်အဖြစ် အီရန်နိုင်ငံပိုင်ရုပ်သံလိုင်းကနေ တိုက်ရိုက်ထုတ်လွှင့်ရာမှာ တော်လှန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဟူစိန်ဆာလာမီက “အမှားနည်းနည်းလောက် လုပ်မိတာနဲ့ ခင်ဗျားတို့ နှစ်နိုင်ငံလုံး(အမေရိကန်နဲ့ အစ္စရေး)ကို ပစ်ခတ်တိုက်ခိုက်မယ်’’လို့ ပြောခဲ့တာပါ။

အီရန်နိုင်ငံပြင်ပ စစ်ဆင်ရေးတွေကို တာဝန်ယူလှုပ်ရှားပေးနေတဲ့ ကွက်တပ်ဖွဲ့ခေါင်းဆောင် ဆိုလေမာနီဟာ ဇန်နဝါရီလ ၃ ရက်က အီရတ်နိုင်ငံ ဘဂ္ဂဒက်လေဆိပ်မှာ အမေရိကန်နိုင်ငံရဲ့ မောင်းသူမဲဲ့ယာဉ်ဖြင့် လုပ်ကြံမှုကြောင့် သေဆုံးခဲ့ပါတယ်။ ဆိုလေမာနီ လုပ်ကြံခံရမှုဟာ ဂျေရုစလင်မြို့ကို အစ္စရေးနိုင်ငံလက်အောက်ကနေ လွတ်မြောက်အောင် လှုပ်ရှားမှု ဖြစ်ပေါ်လာစေလိမ့်မယ်လို့ အစောပိုင်းမှာ တော်လှန်ရေးသက်စောင့်တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရှာရစ်ဖ်က ပြောခဲ့ဖူးပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top