တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်သစ်ကူးစက်ခံရတဲ့ ကျန်းမာရေးဝန်ထမ်း ၁၂၇၆ ယောက်ရှိ၊ ၆ ယောက်သေဆုံး

yyl-034-6.jpg

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ခံရတဲ့ ကျန်းမာရေးဝန်ထမ်း ၁၇၁၆ ယောက်ရှိပြီး ၆ ယောက် သေဆုံးခဲ့တယ်လို့ တရုတ်နိုင်ငံ အမျိုးသားကျန်းမာရေးကော်မရှင် ဒုတိယဝန်ကြီး ကျန်းယီရှင်းက ပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ခံရတဲ့ ကျန်းမာရေးဝန်ထမ်း အရေအတွက် မြင့်တက်လာတယ်လို့ ကျန်းမာရေးဝန်ထမ်းများ ကာကွယ်ပေးခြင်းဆိုင်ရာ စာနယ်ဇင်းရှင်းလင်းပွဲမှာ ကျန်းယီရှင်းက ပြောခဲ့တာဖြစ်ပါတယ်။

တရုတ်နိုင်ငံ အလယ်ပိုင်း ဝူဟန်မြို့ကနေ အစပြုပြီး တစ်ကမ္ဘာလုံးကို ကူးစက်ပျံ့နှံ့ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကို ရင်ဆိုင်တွန်းလှန်ရာမှာ ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ နှာခေါင်းစည်း အစရှိတဲ့ အကာအကွယ်ပစ္စည်းတွေ ပြတ်လပ်မှု ကြုံတွေ့နေပါတယ်။ N95 နှာခေါင်းစည်း၊ အကာအကွယ်မျက်မှန်၊ အကာအကွယ်ဝတ်စုံ အစရှိတဲ့ ကျန်းမာရေးပစ္စည်းတွေ လိုအပ်ချက်ရှိနေတယ်လို့ ဝူဟန်မြို့အစိုးရကလည်း ဝန်ခံထားပါတယ်။ အဲဒီအတွက် ရှေ့တန်းက ကျန်းမာရေးဝန်ထမ်းတွေကို ဗိုင်းရပ်စ်မကူးစက်အောင် ကာကွယ်ပေးရာမှာ အဓိကကျတဲ့ ကျန်းမာရေးပစ္စည်းတွေ ပိုပြီးလှူဒါန်းကြဖို့ ဝူဟန်မြို့မှာရှိတဲ့ ဆေးရုံတွေက အကူအညီတောင်းခံထားပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top