ကိုယ်ဝန်ဆောင်ချိန် အတိုဆုံး မွေးဖွားလာတဲ့ အမြွှာ

8.3.2023-yyl-iamge-15.jpg

ကနေဒါနိုင်ငံက မောင်နှမနှစ်ယောက်ဟာ ကိုယ်ဝန်ဆောင်ချိန် အတိုဆုံး မွေးဖွားလာတဲ့ အမြွှာတွေအဖြစ် ဂင်းနက်စ်စံချိန် တင်ခဲ့ပါတယ်။ အဒီယာနဲ့ အဒရီယယ်တို့ မောင်နှမနှစ်ယောက်ဟာ သတ်မှတ်ရက်မတိုင်မီ ၁၂၆ ရက် စောပြီး မွေးဖွားခဲ့တာပါ။

ကနေဒါနိုင်ငံက ဆေးရုံတွေရဲ့ စည်းမျဉ်းအရ ကိုယ်ဝန်ဆောင်ချိန် ၂၂ ပတ် မပြည့်ခင် မွေးဖွားလာတဲ့ ကလေးတွေကို ဆေးရုံက အသက်ကယ်တင်နိုင်ရေး ကြိုးပမ်းမှာမဟုတ်လို့ သူတို့မိခင် ရှာကီနာက ရေမြွှာပေါက်တဲ့အထိ စောင့်ဆိုင်းနေခဲ့ရပါတယ်။ ရှာကီနာဟာ ပထမကိုယ်ဝန် ပျက်ကျခဲ့ဖူးသူဖြစ်ပြီး အဒီယာနဲ့ အဒရီယယ်တို့ မောင်နှမက ဒုတိယကိုယ်ဝန် ဖြစ်ပါတယ်။

ရှာကီနာဟာ ကိုယ်ဝန်ဆောင်ချိန် ၂၂ ပတ်ပြည့်ပြီး ၁ နာရီကျော်အကြာမှာ ရေမြွှာပေါက်ခဲ့တာဖြစ်ပြီး ဆရာဝန်တွေက အမြွှာမောင်နှမကို အသက်ကယ်တင်နိုင်ဖို့ အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့ရပါတယ်။
ပုံမှန်အားဖြင့် နေ့စေ့၊ လစေ့ မွေးဖွားသူတွေဟာ သီတင်းပတ် ၄၀ ကြာ ကိုယ်ဝန်ဆောင်ရလေ့ရှိပြီး အဒီယာနဲ့ အဒရီယယ်တို့ မောင်နှမကတော့ ၁၈ ပတ်စောပြီး မွေးဖွားခဲ့ကြတာပါ။ မွေးခါစအရွယ်မှာ အသက်လုခဲ့ရတဲ့ သူတို့မောင်နှမနှစ်ဦးဟာ အခုချိန်မှာတော့ ၁ နှစ်အရွယ် ရှိနေကြပါပြီ။

Ref: Canadian siblings certified as world’s most premature twins

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top