Chrome နဲ့ Safari တို့နောက် အမီလိုက်လာပြန်တဲ့ ဖေ့စ်ဘွတ်ခ်

article-2300466-131F78DD000005DC-283_1024x615_large.jpg

ဆိုရှယ်ကွန်ရက် တစ်ခုဖြစ်တဲ့ ဖေ့စ်ဘွတ်ခ်ရဲ့ လွှမ်းမိုးနိုင်စွမ်းက တဖြည်းဖြည်းနဲ့ ကြီးမား ကျယ်ပျံ့လာနေပါပြီ။ အခုနောက်ဆုံး ရရှိထားတဲ့ အချက်အလက်တွေအရဆိုရင် ဖေ့စ်ဘွတ်ခ်ဟာ U.S မှာ တတိယမြောက် လူသုံးအများဆုံး အပ်ပလီကေးရှင်းတစ်ခု ဖြစ်နေပြီလို့ သိရပါတယ်။

Mixpanel ကုမ္ပဏီရဲ့ လေ့လာမှုတွေအရ ဖေ့စ်ဘွတ်ခ်ရဲ့ မိုဘိုင်း အပ်ပလီကေးရှင်းက U.S ရဲ့ Data traffic အဖြစ်အများဆုံး ထိပ်တန်း စာရင်းဝင်ထဲတောင် ပါနေပြီလို့ ကြားနေရပါတယ်။ တခြားနိုင်ငံတွေမှာဆိုရင် ဖေ့စ်ဘုတ် အသုံးပြုနှုန်းက ပိုလို့တောင် များနေတာလည်း ဖြစ်ပါတယ်။

ဝါရှင်တန်မှာ ဖေ့စ်ဘွတ်ခ်ရဲ့ Data traffic နှုန်းက ၁၃ရာခိုင်နှုန်း ရှိပြီး ဒုတိယ လူသုံးအများဆုံးစာရင်းဝင် Google Chrome ကတော့ ၃၃ရာခိုင်နှုန်း ရှိနေပါတယ်။ Apple ရဲ့ Safari ကတော့ ၅၈.၃၉ ရာခိုင်နှုန်းနဲ့ ထိပ်ဆုံးမှာ ရပ်တည်နေနိုင်တာကို တွေ့ရပါတယ်။

ဒီလိုမျိုး Data traffic များတယ်ဆိုတဲ့ကိစ္စဟာ ဖေ့စ်ဘွတ်ခ်အတွက် သိပ်တော့ အရေးမပါလှပါဘူး။ လူမှုကွန်ရက် App တစ်ခုအနေနဲ့ ဒီလိုမျိုး data traffic ဖြစ်တယ်ဆိုတာက သူ့ရဲ့ အဓိကကျမှုကို ဖော်ပြပေးနေတဲ့ သဘောသက်ရောက်နေပါတယ်။

ဖေ့စ်ဘွတ်ခ် အပ်ပလီကေးရှင်းကို ပိုပြီး တွင်တွင်ကျယ်ကျယ် သုံးနေကြတဲ့အတွက် သူ့ဆီက content တွေရဲ့ ပျံ့နှံ့မှုနှုန်းက တခြား App တွေထက် ပိုပါတယ်။ အခုလည်း ထိပ်တန်းစာရင်းထဲ ဝင်သွားတဲ့အတွက် လူတွေက သူ့ဆီက သတင်းအချက်အလက်တွေကို ဘယ်လောက်တောင် စိတ်ဝင်စားကြ၊ အသုံးချနေကြသလဲဆိုတာ ကြော်ငြာပေးလိုက်သလိုတောင် ဖြစ်နေပါသေးတယ်။

ဒါကြောင့်ပဲ သတင်းအချက်အလက် ပေါက်ကြားတဲ့ကိစ္စလိုမျိုး၊ News Feed ပုံစံတွေ ပြောင်းတာမျိုးတွေ ကြုံတွေ့နေရပေမဲ့ သူ့ရဲ့ ဩဇာလွှမ်းမိုးမှုကတော့ လျော့ကျသွားခြင်းမရှိဘဲ ပိုလို့တောင် တိုးလာတယ်ဆိုတဲ့အကြောင်း အသုံးပြုနေသူ ပရိသတ်တွေကို မျှဝေ တင်ဆက်ပေးလိုက်ပါတယ်။

Ref : NewsRepublic “Facebook’s app is now the third-most popular browser in the U.S”

Scarlett (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top