အန်ဒီ မာရေး (Andy Murray) ဟာ တင်းနစ်ကစားသမားဘဝကနေ အနားယူသွားခဲ့ပြီဖြစ်ပေမဲ့ တင်းနစ် ကစားသမားဘဝတစ်လျှောက် အမြင့်မားဆုံး “Grand Slam” ဆုဖလားကို (၃) ကြိမ်ရရှိခဲ့သလို၊ ယခုလည်း ဘက်ကင်ဟမ်နန်းတော်မှာ ပြုလုပ်သွားတဲ့အခမ်းအနားမှာ မင်းသား ချားလ်စ် ပေးအပ်တဲ့ ဂုဏ်ထူးဆောင်ဘွဲ့ကို လက်ခံရရှိခဲ့ပါတယ်။ သူဟာ တင်းပါးရိုးဒဏ်ရာကြောင့် လွန်ခဲ့တဲ့ဇန်နဝါရီလက အနားယူသွားခဲ့တာဖြစ်ပါတယ်။

တင်းပါးရိုးဒဏ်ရာကြောင့် လွန်ခဲ့တဲ့ဇန်နဝါရီလက အနားယူသွားခဲ့
ဂုဏ်ထူးဆောင်ဘွဲ့ ရရှိခဲ့တာနဲ့ ပက်သက်ပြီး မာရေးက “ကျွန်တေ်ာ ဂုဏ်ထူးဆောင်ဘွဲ့ရခဲ့တာအတွက် အလွန် ဂုဏ်ယူပါတယ်။ ဘက်ကင်းဟမ်နန်းတော်မှာ မိသားစု၊ ဇနီးသည်၊ အမေတို့နဲ့ အချိန်ကုန်ဆုံးရတာ ကောင်းမွန် လှတဲ့ နေ့တစ်နေ့ပါ။ ကျွန်တော့်ရဲ့ကလေးတွေကို ခေါ်လာချင်ခဲ့ပေမဲ့ သူတိုက ငယ်သေးတယ်လို့ထင်ပါတယ်။ ကျွန်တော်အိမ်ရောက်တဲ့အခါကျမှ ကလေးတွေကို ဂုဏ်ထူးဆောင်ဘွဲ့ပြပေးပါမယ်”လို့ ပြောခဲ့ပါတယ်။

အသက် (၁၇) နှစ်အရွယ်မှာပဲ အမေရိကန်အငယ်တန်းတင်းနစ်ပြိုင်ပွဲ “US Open Junior” မှာ ဆုဖလားရရှိခဲ့တဲ့နောက် လူသိများသွားခဲ့
အန်ဒီ မာရေးနဲ့ သူ့ ဇနီး ကင်း (Kim) တို့မှာ (၃) နှစ်အရွယ် ဆိုဖီယာ အိုလီဗီယာ (Sophia Olivia ) နဲ့ (၁၈) လ အရွယ် အီဒိုင်း (Edie) စသဖြင့် ကလေး နှစ်ယောက် ရှိပါတယ်။ အန်ဒီ မာရေးဟာ လွန်ခဲ့တဲ့ဇန်နဝါရီလက တင်းပါးရိုးဒဏ်ရာကြောင့် တင်းနစ်ကစားသမားဘဝကနေ အနားယူတော့မယ်လို့ “Australian Open” ပြိုင်ပွဲမှာ ကြေညာခဲ့တာပါ။ မာရေးဟာ လက်ရှိမှာတော့ “Unicef”သံတမန်တစ်ဦးအဖြစ် ဆောင်ရွက်နေတာပါ။
သူဟာ တင်းနစ်ကစားခဲ့တာနဲ့ လူမှုရေးလုပ်ခဲ့တာတွေအတွက် ဂုဏ်ထူးဆောင်ဘွဲ့ကိုရခဲ့ပါတယ်။ သူက အသက် (၁၇) နှစ်အရွယ်မှာပဲ အမေရိကန်အငယ်တန်းတင်းနစ်ပြိုင်ပွဲ “US Open Junior” မှာ ဆုဖလားရရှိခဲ့တဲ့နောက် လူသိများသွားခဲ့ပါတယ်။ နောက်ပိုင်း သူဟာ အမေရိကန်တင်းနစ်ပြိုင်ပွဲမှာ ဂျိုကိုဗစ်ကို အနိုင်ယူပြီး အင်္ဂလိပ်တင်းနစ်သမားတွေ နှစ်ပေါင်း (၇၆) ကြာမရရှိခဲ့တဲ့ “Grand Slam”ကို ပထမဆုံးရရှိတဲ့ အင်္ဂလန် တင်းနစ်ကစားသမား ဖြစ်ခဲ့ပါတယ်။
Ref: Dailymail “Arise, Sir Andy! Tennis ace Murray receives his knighthood from Prince Charles ”
Ah Ko Latt (ရိုးရာလေး)