(၃၇) နှစ်အတွင်း အဆိုးရွားဆုံး မိုးခေါင်ရေရှားမှုကြုံနေတဲ့ မြောက်ကိုရီးယား

60830668_2380563488641224_8407252538931281920_n.jpg

(၃၇) နှစ်အတွင်း အဆိုးရွားဆုံး မိုးခေါင်ရေရှားမှု ကြုံတွေ့နေတဲ့ မြောက်ကိုရီးယားနိုင်ငံမှာ ကောက်ပဲသီးနှံ ထိခိုက်ပျက်စီးမှုတွေကို အံတုရင်ဆိုင်ကြဖို့ နိုင်ငံသားတွေကို တိုက်တွန်းထားပါတယ်။ လက်ရှိအနေအထားအရ မြောက်ကိုရီးယားနိုင်ငံမှာနေထိုင်သူ ၁၀ သန်းကို စားနပ်ရိက္ခာ ထောက်ပံ့မှု အရေးပေါ်လုပ်ပေးရမယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

မြောက်ကိုရီးယားနိုင်ငံသားတွေဟာ အခုနှစ်အတွင်း တစ်ရက်မှာ အစားအစာ (၃၀၀) ဂရမ်ပဲ စားသုံးပြီး ရှင်သန်နေထိုင်နေကြပါတယ်။ ၁၉၉၀ ပြည့်နှစ်တွေအတွင်းကတော့ ဆိုးရွားတဲ့ အငတ်ဘေးဆိုက်မှုကြောင့် မြောက်ကိုရီးယားနိုင်ငံသား သိန်းချီ သေဆုံးခဲ့ပါတယ်။ အခုနှစ်မှာ ကြုံတွေ့နေတဲ့ အခြေအနေကတော့ အဲဒီလောက် မဆိုးရွားပါဘူး။ မြောက်ကိုရီးယားနိုင်ငံမှာ အခုနှစ် ပထမငါးလပတ်အတွင်း မိုးရေချိန် (၂၁) လက်မပဲ ရွာသွန်းခဲ့ပြီး ၁၉၈၂ ခုနှစ်နောက်ပိုင်း မိုးရွာသွန်းမှု စံချိန်တင်နည်းပါးခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်အတွင်း မြောက်ကိုရီးယားနိုင်ငံရဲ့ ကောက်ပဲသီးနှံထွက်ရှိမှုကတော့ ၂၀၀၈ ခုနှစ်နောက်ပိုင်း အနည်းပါးဆုံးပဲလို့ ကုလသမဂ္ဂရဲ့ စားနပ်ရိက္ခာစီမံကိန်း WFP က ပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top