ထိုင်းရိုးရာ အနှိပ်ပညာ UNESCO စာရင်းတွင် အသိအမှတ်ပြု စာရင်းသွင်း ဖော်ပြခံရဖွယ်ရှိ

yyl-017-13.jpg

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ Reclining Buddha ဘုရားကျောင်းရှိ Krairath Chantrasri ဆိုသူသည် သက်တမ်း နှစ်နှစ်ထောင်ကျော်ပြီ ဖြစ်သည့် ထိုင်းရိုးရာ Body-folding, sharp-elbowed အနှိပ်ပညာ ကို အမွေဆက်ခံသူအဖြစ် အသက်မွေးဝမ်းကြောင်း ပြုလုပ်နေရသည်ကို ဂုဏ်ယူကြောင်း ဖွင့်ဟပြောခဲ့သည်။ ထိုင်းရိုးရာ Body-folding, sharp-elbowed အနှိပ်ပညာ ကို ကမ္ဘာ့အမွေအနှစ် တစ်ခုအနေဖြင့် UNESCO စာရင်းတွင် အသိအမှတ်ပြု စာရင်းသွင်း ဖော်ပြရန် စီစဉ်လျှက်ရှိသည် ဟုလည်းသိရှိရသည်။

ထိုင်းနိုင်ငံရှိ အထက်တန်း အနှိပ်ခန်းများမှ စ၍ ကမ်းခြေများရှိ အပန်းဖြေရိပ်သာများမှ အနှိပ်ခန်းငယ်များ အထိပါ ထိုင်းနိုင်ငံတခွင် ကျယ်ကျယ်ပြန့်ပြန့် ခေတ်စား သည့် ထိုင်းရိုးရာ အနှိပ်ပညာ ကို ဈေးနှုန်းအားဖြင့် တစ်နာရီလျှင် ငါးဒေါ်လာနှုန်း မှစ၍ ဝန်ဆောင်မှု ပေးလျှက်ရှိသည်။ထိုအမွေအနှစ် ပညာရပ်ကို UNESCO စာရင်းတွင် “Intangible Cultural Heritage” ခေါင်းစဉ်အောက်တွင် အသိအမှတ်ပြု စာရင်းသွင်း ရန် စီစဉ်လျှက်ရှိသည် ဟုလည်းသိရှိရသည်။

Krairath Chantrasri ဆိုသူ ထိုင်းရိုးရာ အနှိပ်ပညာသည် Wat Pho ဘုရားကျောင်းတွင် Reclining Buddha School ဖွင့်ထားပြီး နှစ်စဉ် ပြည်တွင်း ပြည်ပ သင်တန်းသား ဦးရေတစ်ထောင်ကျော်ကို သင်ကြားပေးလျှက်ရှိသည်။ ယင်းရိုးရာ အနှိပ်ပညာသည် လက်မ၊ တံတောင်ဆစ်၊ ဒူးခေါင်း နှင့် ခြေဖဝါးတို့ကို အသုံးပြုကာ ခန္တာကိုယ်၏ အပ်စိုက်ကုထုံး အချက်အချာနေရာများအား အဓိကထား နှိပ်နယ်ပေးခြင်းဖြစ်ပြီး အကြောဆန့်၊ အကြောဖြေခြင်းများကို ဝန်ဆောင်ပေးခြင်း ပင်ဖြစ်သည်။ ထိုအနှိပ်ပညာမှာ အန္ဒိယနိုင်ငံမှ အရင်းခံ ပေါ်ပေါက်လာခဲ့ပြီး ဆရာဝန်များ နှင့် ဘုန်းတော်ကြီးများမှ ထိုင်းနိုင်ငံသို့ လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ လောက်က သယ်ယူလာခဲ့ပြီး တော်ဝင်မိသားစုများသာ သိရှိသည့် လျို့ဝှက်ချက်တစ်ခု ဖြစ်ခဲ့ဖူးသည်။

၁၉ရာစုနှစ် King Rama III လက်ထက်တွင် ထိုအတတ်ပညာကို သင်တန်းကျောင်းဖွင့်စေကာ အများပြည်သူကို သိရှိတတ်မြှောက်စေခဲ့သည်။ ၁၉၆၂ ခုနှစ်တွင်မူ နိုင်ငံပေါင်း ၁၄၅ နိုင်ငံတွင် ၂၀၀,၀၀၀ ကျော်သော အနှိပ်ပညာရှင်ကို သင်ကြားတတ်မြောက်စေခဲ့သည်။ ယခုဆိုလျှင် နိုင်ငံပေါင်းများစွာတွင် Thai Massage ဟူ၍ လူသိများ ခေတ်စားလာခဲ့ပြီး နိုင်ငံခြားသားများအလွန် နှစ်သက်သဘောကျကြသည်။ ကမ္ဘာ့ အမွေအနှစ် အဖြစ်ထိန်းသိမ်း ပြဌာန်းရန်အထိပင် ထင်ရှားကျော်ကြားလို့လာခဲ့သည်။

မေ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top