သိုင်းပေါင်းစုံ အားကစားနည်းကို အိုလံပစ်ပြိုင်ပွဲ ဝင်နိုင်ရေး ပထမခြေလှမ်း

ONE_GAMMA-1200x800-1.jpg

ကမ္ဘာပေါ်တွင် ဘောလုံး၊ ရေကူး၊ ဘတ်စကက်ဘော၊ အလေးမ၊ လက်ဝှေ့စသဖြင့် ကျား၊ မ မရွေး လူတန်းစားမရွေး ယှဉ်ပြိုင်ကစားနိုင်သည့် အားကစားနည်းများက အတော်များများရှိသည်။ ကိုယ်ခံပညာရပ်နှင့်ပတ်သက်သည့် ဂျူဒို၊ ကရာတေး၊ တိုက်ကွမ်ဒို၊ ဆူမို၊ မွေထိုင်း၊ နပမ်း စသည်တို့ကလည်း ထင်ရှားသော ကိုယ်ခံပညာရပ်များဖြစ်သည်။ ကမ္ဘာပေါ်တွင် ကျင်းပလျက်ရှိသည့် အားကစားပြိုင်ပွဲများအနက် ဂုဏ်သိက္ခာအရှိဆုံးနှင့် သက်တမ်းအရှည်ကြာဆုံးပြိုင်ပွဲက အို လံပစ်ပြိုင်ပွဲပင်ဖြစ်သည်။ အိုလံပစ်ပြိုင်ပွဲသည် အားကစားနည်းပေါင်းစုံကျင်းပသည့် ဂုဏ်သိက္ခာမြင့်မားသော အားကစားပြိုင်ပွဲကြီးတစ်ခု ဖြစ်ပြီး ကမ္ဘာ့နိုင်ငံအများအပြား ပါဝင်ယှဉ်ပြိုင်ကြသည်။

အိုလံပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရယူနိုင်ခြင်းသည် ကစားသမားတစ်ယောက်အတွက် အလွန်ဂုဏ်ယူစရာကောင်းသော စွမ်းဆောင်မှုအ ဖြစ် ၎င်း၏ ဘဝတစ်သက်တာတွင်သာမက နောင်မျိုးဆက်ပေါင်းများစွာအထိ သယ်ဆောင်သွားနိုင်သည့် အနေအထားလည်းဖြစ်သည်။ သို့သော် အိုလံပစ်ပြိုင်ပွဲတွင် ကမ္ဘာပေါ်တွင်ရှိသမျှသော အားကစားနည်းတိုင်း ထည့်သွင်းကျင်းပခြင်းမရှိပါ။ အပြည်ပြည်ဆိုင်ရာ အိုလံ ပစ်ကော်မတီ (IOC) ၏ ထောက်ခံမှုရသော အားကစားနည်းများကိုသာ ကျင်းပပေးကာ ဆုတံဆိပ်များ ပေးအပ်လေ့ရှိသည်။ အိုလံပစ်ပြိုင် ပွဲကို ၁၈၉၆ ခုနှစ်တွင် ဂရိနိုင်ငံ၌ ပထမဆုံးအကြိမ် စတင်ကျင်းပခဲ့ပြီး ခေတ်သစ်သမိုင်းတွင် ပထမဆုံးကျင်းပသော အိုလံပစ်ပြိုင်ပွဲအဖြစ် သတ်မှတ်ထားသည်။ ထိုမတိုင်မီကတည်းက ပြိုင်ပွဲများကို စတင်ကျင်းပနေပြီဖြစ်သော်လည်း နိုင်ငံအများအပြား စတင်ယှဉ်ပြိုင်သည့် ပ ထမဆုံးအကြိမ်က ဂရိနိုင်ငံ၊ အေသင်မြို့တွင်ကျင်းပသော ၁၈၉၆ အိုလံပစ်ပြိုင်ပွဲကြီးပင်ဖြစ်သည်။

အိုလံပစ်အားကစားနည်းတွင် ကိုယ်ခံပညာရပ်နယ်ပယ်မှ လက်ဝှေ့၊ ဂျူဒို၊ ကရာတေး၊ တိုက်ကွမ်ဒို၊ နပမ်း စသည်တို့ပါဝင်ပြီး ထိုင်းနိုင်ငံ ကလည်း ၎င်းတို့၏ အမှတ်သင်္ကေတဟုဆိုနိုင်သော မွေထိုင်းကိုလည်း အိုလံပစ်အားကစားနည်းဖြစ်လာစေရေးအတွက် အစိုးရကိုယ်တိုင် က စိတ်ဝင်စားကာ IOC ထံ တင်ပြထားသည်။ ကမ္ဘာပေါ်တွင်ရှိသမျှသော ကိုယ်ခံပညာရပ်ပေါင်းစုံကို အသုံးပြုယှဉ်ပြိုင်ရသည့် ကိုယ်ခံပ ညာ သိုင်းပေါင်းစုံ အားကစားသည် ကမ္ဘာ့လူထုကြားတွင် အလျင်အမြန်ပျံ့နှံ့ စိမ့်ဝင်လာခဲ့ပြီး ပရိသတ်၏ အားပေးမှုကိုလည်း အခိုင်အမာရ ရှိထားသည်။ ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားသည် အမေရိက၊ အာရှ၊ ဥရောပ၊ အာဖရိကမှသည် ကမ္ဘာပေါ်ရှိ နိုင်ငံအများအပြားအထိ ကျယ်ကျယ်ပြန့်ပြန့်ရောက်ရှိလာသော ကိုယ်ခံပညာအားကစားနည်းတစ်ခုလည်း ဖြစ်သည်။ အခြားသော ကိုယ်ခံပညာရပ်များအ နေဖြင့် အိုလံပစ်အားကစားနည်းအဖြစ် သတ်မှတ်ခံထားရကာ အိုလံပစ်ပြိုင်ပွဲများတွင် ပါဝင်ခွင့်ရနေခြင်းအား စံနမူနာယူကာ ကမ္ဘာလုံးဆိုင်ရာ ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစား အဖွဲ့ချုပ် (GAMMA)က ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားကို အိုလံပစ်အားကစားနည်းတစ်ခုအဖြစ် သတ်မှတ်ခံရစေရေးအတွက် ခြေတစ်လှမ်း ထပ်လှမ်းလိုက်ပြီဖြစ်သည်။

နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်မြို့တွင် အခြေစိုက်သော GAMMA သည် အကျိုးမမြတ်မယူသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ခေါင်း ဆောင်များက ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားနယ်ပယ်တွင် ဆယ်စုနှစ်နှင့်ချီ၍ မြှုပ်နှံထားသော အတွေ့အကြုံရင့် ပုဂ္ဂိုလ်များဖြစ် သည်။ အဆိုပါ ဦးဆောင်သူများသည် ကမ္ဘာ့တိုက်ကြီးငါးတိုက်မှဖြစ်ပြီး ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားသမားအဖြစ် အသက်မွေး ဝမ်းကျောင်း ပြုဖူးသူများလည်းဖြစ်သလို ကိုယ်ခံပညာ သိုင်းပေါင်းစုံအားကစားနည်း ယခုထက် ပိုမိုတိုးတက်မြင့်မားလာစေရေးအတွက် ကြိုးစားအားထုတ်နေသူများလည်းဖြစ်သည်။ GAMMA သည် ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားအဖွဲ့အစည်း ONE Championship နှင့် မိတ်ဖက်အဖွဲ့အစည်းဖြစ်ပြီး ပါရမီရှိသည့် မျိုးဆက်သစ်အားကစားသမားများ ထွက်ပေါ်လာရေး၊ ပါရမီရှိသည့် ကစားသမားများအား ပရော်ဖက်ရှင်နယ်အဖြစ် ကမ္ဘာ့စင်မြင့်ထက် ယှဉ်ပြိုင်ခွင့်ရရှိနိုင်ရေး၊ ကမ္ဘာ့အဆင့် ထိပ်တန်းအားကစားသမား ကောင်းများ ထွက်ပေါ်လာရေး အပါအဝင် ဘုံရည်မှန်းချက်များထားကာ အတူလက်တွဲလှုပ်ရှားနေသည့် အဖွဲ့အစည်းလည်းဖြစ်သည်။ GAMMA သည် ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားနည်းကို အိုလံပစ်အားကစားနည်းဖြစ်လာစေရန် ကနဦးအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ နိုင်ငံတကာအားကစား အဖွဲ့ချုပ်များအစည်းအရုံး(GAISF)သို့ တင်သွင်းခဲ့သည်။

ONE Championship ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ Chatri Sityodtong ကလည်း အိုလံပစ် အားကစားနည်း ဖြစ်လာစေရေးအတွက် GAMMA ၏ လျှောက်ထားမှုအပေါ် အပြည့်အဝထောက်ခံလိုက်ပြီး ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားနည်းသည် တစ်နေ့တွင် အိုလံပစ်အားကစားနည်း ဖြစ်လာစေရမည်ဟု သုံးသပ်သည်။ ကမ္ဘာနိုင်ငံ ၁၀၀ နီးပါးတွင် အဖွဲ့ချုပ်များဖွင့်လှစ်ထားသော GAMMA မှ တင်သွင်းသော လျှောက်ထားလွှာကို GAISF မှ လေ့လာသူများက သုံးသပ်ကာ အဓိက အဆုံးအဖြတ်ပေးမည့် IOC ထံ ဆက်လက်တင်ပြသွားမည်ဖြစ်သည်။ GAMMA အနေဖြင့် ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားသည် အသက်အန္တရာယ်ဘေးကင်းလုံခြုံမှုရှိသော အားကစားနည်းနှင့် မျိုးဆက်သစ်လူငယ်များအား ကမ္ဘာ့စင်မြင့်ထက် ပို့ဆောင်ပေးနိုင်မည့် အားကစားဖြစ်ကြောင်း လျှောက်ထားချက်တွင် ဖော်ပြထားသည်။

GAMMA ဥက္ကဋ္ဌ Alexander Engelhardt က “ပြီးခဲ့တဲ့ နိုဝင်ဘာလက စင်ကာပူမှာ GAMMA World Championship ပြိုင်ပွဲကို ကျင်းပ နိုင်ခဲ့တာက အောင်မြင်မှုပါပဲ။ ဒီပြိုင်ပွဲမှာ မတူညီတဲ့နိုင်ငံတွေနဲ့အတူ ကျွန်တော်တို့ လူမှုအသိုင်းအဝိုင်းအတွက် အောင်မြင်အောင် လုပ် ဆောင်နိုင်ခဲ့တယ်။ အခု ကျွန်တော်တို့ နောက်တစ်ဆင့် ထပ်တက်မယ်။ ONE Championship နဲ့ အတူလက်တွဲပြီး ကိုယ်ခံပညာသိုင်း ပေါင်းစုံ အားကစားသမားတွေ သူတို့ရဲ့ကျွမ်းကျင်မှုတွေကို ကမ္ဘာ့စင်မြင့်ထက် ပြသသွားနိုင်အောင် လုပ်ဆောင်မယ်။ အဲဒါက ကျွန်တော် တို့ရဲ့ရည်မှန်းချက်တစ်ခုပါပဲ။ GAMMA ဟာ စစ်မှန်တဲ့ ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားစံနှုန်းတွေနဲ့ တည်ဆောက်ထားတဲ့ ခိုင်မာတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ အခု ကျွန်တော်တို့ အောင်မြင်မှုရဖို့ နီးစပ်နေတဲ့အဆိုပြုလွှာကို GAISF ထံ တင်ထားတယ်။ နောက်ဆုံးရည် မှန်းချက်ကတော့ ကိုယ်ခံပညာ သိုင်းပေါင်းစုံအားကစားနည်းကို အိုလံပစ်အားနည်း ဖြစ်လာရေးပါပဲ” ဟု ဆိုသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top