အိန်ဂျလာ မာကယ် ဂျာမနီ အဓိပတိအဖြစ် ၄ ကြိမ်မြောက် ရွေးချယ်ခံရ

c7f507758e8ff7c55a48082cac337f0f964d9b4535d6ae3def05fe1905bfe5f7_3836469-e1551582254313.jpg

နိုင်ငံရေး အငြင်းပွားမှုတွေ လအတန်ကြာဖြစ်ခဲ့ပြီးနောက် မာကယ်လ်ဟာ ဂျာမနီ အဓိပတိအဖြစ် ၄ ကြိမ် မြောက် တာဝန်ထမ်းဆောင်ဖို့ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။ ဂျာမနီ လွတ်တော်ကိုယ်စားလှယ် ၃၆၄ ဦးမှာ ၃၁၅ ဦးက မာကယ်လ်ကို အဓိပတိအဖြစ် ပြန်လည်ရွေးချယ်ဖို့ ဆန္ဒမဲပေးခဲ့ကြပါတယ်။

ဂျာမနီစစ်ပွဲ အလွန် အချိန်အကြာဆုံးမဟာမိတ် တည်ဆောက်မှုတွေလုပ်ခဲ့ပြီးနောက် မာကယ်လ် ဟာ သူရဲ့အလုပ်ကို အလျင်အမြန် လုပ်ကိုင်ဖို့ ဆန္ဒရှိနေပါတယ်။ မာကယ်လ်ရဲ့ ကွန်ဆာဗေးတစ် CDU/CSU ပါတီ ဟာရွေးကောက်ပွဲမှာ နှစ်ပေါင်း ၇၀ အတွင်း အဆိုးရွားဆုံး ရလဒ်တွေ ရရှိခဲ့ပေမယ့် အ ခုလအစောပိုင်းမှာ (SPD) ဆိုရှယ်ဒီမိုကရစ်တစ် ပါတီနဲ့ မာဟာမိတ် ဖွဲ့စည်း နိုင်ခဲ့ပါတယ်။

ဂျာမနီအစိုးရအဖွဲ့ သစ်မှာ နိုင်ငံခြားရေးဝန်ကြီး၊ ဘဏ္ဍရေးဝန်ကြီးတွေ အပါဝင်အဓိကနေ ရာတွေကို မာကယ်လ် ပါတီက ရယူဖွယ် ရှိနေပါတယ်။ လွတ်တော် မာကယ်လ်ကို အဓိပတိအဖြစ် ပြန်လည်ခန့်အပ်ဖို့ မတ်လ ၁၄ ရက်နေ့ က အတည်ပြုခဲ့ပြီးနောက် မာကယ်လ် က သူအနေနဲ့ လျွှတ်တော် ဆန္ဒမဲရလဒ်ကို လက်ခံတယ်လို့ ပြောခဲ့ပါတယ်။ လွှတ်တော် အတွင်းမှာ သူမရဲ့ ကွန်ဆာဗေးတစ် ပါတီ နဲ့ SPD ပါတီ က ကိုယ်စားလှယ် ၃၉၉ ဦးရှိတာကြောင့် သူမကို ပြန်ခန့်ဖို့ ကိုယ်စားလှယ် ၃၆၄ ဦးသာ ထောက်ခံခဲ့တာကြောင့် ဆန္ဒမဲပေးမှုက နိမ့်ကျမှုတွေ ရှိစေခဲ့တယ်လို့ လေ့လာသုံးသပ်သူတွေက ပြောပါတယ်။

လက်ယာယိမ်းပါတီတွေအပေါ် လူကြိုက်များမှု မြင့်တက်လာတာကြောင့် အဓိကပါတီတွေဟာ စက်တင်ဘာလမှာ ကျင်းပတဲ့ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ရပါတယ်။ ရွှေ့ပြောင်းဝင် ရောက်လာသူတွေကို ဆန်ကျင့်တဲ့ပါတီ ဖြစ်တဲ့ ဂျာမနီ ပြပြင်ပြောင်းလဲရေးပါတီ AFD ဟာ ဆန္ဒမဲ ၁၂ ရာခိုင်နှုန်း ရရှိခဲ့တာကြောင့် လွှတ်တော်အတွင်း ပထမဆုံးအကြိမ် ပါဝင်ခွင့်ရခဲ့ပြီး လွှတ်တော်အတွင်း အဓိက အတိုက်ခံပါတီအဖြစ် ရှိလာခဲ့ပါတယ်။

Zaw Min Oo (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top