IS အဖွဲ့က ပြန်ပေးဆွဲခဲ့တဲ့ အိန္ဒိယအလုပ်သမား ၃၉ ဦးသေဆုံး

india-worker-family.jpg

အီရတ်နိုင်ငံက IS အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့ရဲ့ ပြန်ပေးဆွဲခြင်း ခံရတဲ့ ဆောက်လုပ်ရေး အလုပ်သမား ၃၉ ဦးစလုံး သေဆုံးသွားပြီဖြစ်တယ်လို့ အိန္ဒိယအစိုးရက အတည်ပြု ပြောဆိုလိုက်ပါတယ်။

အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ဆူရှမာ ဆွာဝါရက် က လူသေအလောင်းတွေ မြုပ်နှံထားတဲ့ ကြီးမားတဲ့ တွင်းကြီးအတွင်းမှာ တွေရှိခဲ့ရတဲ့ ရုပ်အလောင်းတွေဟာ ပြန်ပေးဆွဲခံရတဲ့ ဆောက်လုပ်ရေးအလုပ်သမား ၃၈ ဦးရဲ့ DNA နဲ့တူညီမှုရှိခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။

အိန္ဒိယ ဆောက်လုပ်ရေး အလုပ်သမားတွေဟာ ၂၀၁၄ ခုနှစ်က အီရတ်နိုင်ငံ မိုဆူလ်မြို့မှာ ပြန်ပေးဆွဲခံရပြီးချိန်တည်းက အိန္ဒိယအစိုးရ က ဆောက်လုပ်ရေးသမားတွေ အသက်ရှင် နေဆဲဖြစ်တယ်လို့ လက်ခံယုံကြည်နေခဲ့ပါတယ်။

အိန္ဒိယအစိုးရဟာ ဆောက်လုပ်ရေး အလုပ်သမားတွေ ပြန်လွတ်ရေးအတွက် စေ့စပ်ဆွေးနွေးမှုတွေ လုပ်ခဲ့သလို ပြီးခဲ့တဲ့နှစ်က မိုလ်ဆူးမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် အိန္ဒိယအစိုးရ အကူညီနဲ့ ဆောက်လုပ်ရေးသမားတွေရှိတဲ့ နေရာကို သိရှိဖို့ ကြိုးပမ်းခဲ့ပါတယ်။ တွေရှိခဲ့တဲ့ ရုပ်အလောင်းတွေဟာ အိန္ဒိယ အလုပ်သမား ၃၉ ဦးရဲ့ ရုပ်အလောင်းတွေဖြစ်ဖို့ အလားလာများပြီး DNA စစ်ဆေးရာမှာ ၇၀ ရာခိုင်နှုန်း တူညီမှုရှိခဲ့တယ်လို့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ပါတယ်။

အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဟာ ပြန်ပေးဆွဲခံရတဲ့ အလုပ်သမားတွေ သေဆုံးခဲ့တာကို အထက်လွှတ်တော်မှာ ပြောဆိုခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်က ကျင်းပခဲ့တဲ့ လွှတ်တော်မှာတော့ ပြန်ပေးဆွဲခံရတဲ့အလုပ်သမားတွေ ဟာ IS အဖွဲ့ သတ်ခံရတယ်ဆိုတဲ့ သက်သေအချက်လက်တွေ မရသေးဘူးလို့ပြောခဲ့ဖူးပါတယ်။ ပြန်ပေးဆွဲခံရသူ ၃၉ ဦးအနက် ၃၁ဦး ဟာ အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ်မှာဖြစ်ပြီး အခြားသူတွေဟာ အိန္ဒိယမြောက်ပိုင်း ဟီမာချာ ပရာဒက်ခ်ျနဲ့ ဘီဟာ နဲ့အိန္ဒိယ အရှေပိုင်း အနောက် ဘန်ဂေါတို့ကဖြစ်တယ်လို့ သိရပါတယ်။

အိန္ဒိယအစိုးရဟာ အရှေ့အလယ်ပိုင်းဒေသမှာ အိန္ဒိယ နိုင်ငံသားတွေ ပြန်ပေးဆွဲခံရပါက ပြန်လွတ်မြောက်ရေးအတွက် ဆွေးနွေးမှုကို အင်တိုက်အားတိုက် ပြုလုပ်လေ့ရှိရာ ၂၀၁၄ ခုနှစ် ဇူလိုင်လကလည်း ပြန်ပေးဆွဲခံရတဲ့ အိန္ဒိယသူနာပြု ၄၆ ဦးကို ပြန်လွတ်မြောက်အောင် ဆောင်ရွက်ခဲ့ဖူးပါတယ်။

Zaw Min Oo (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top