အင်္ဂလန် တက္ကသိုလ်ကျောင်းသား အများစုဟာ စိတ်ကျန်းမာရေး ပြဿနာများကြောင့် ကျောင်းထွက်မှုနှုန်း များပြားလာ

edin.jpg

အင်္ဂလန်နိုင်ငံ ကျောင်းသားအရေအတွက်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်း ၂ ဆမျှများပြားလာခဲ့ပါတယ်။ ကျောင်းသားစုစုပေါင်းဦးရေဟာ ၂ သန်းအထိရှိလာပြီး  ဒီလိုကျောင်းသားလူဦးရေ မြင့်တက်လာတဲ့အလျောက် ကျောင်းသားများရဲ့ တက္ကသိုလ် ပညာသင်စရိတ်များကလည်း မြင့်မားလာပါတယ်။

လတ်တလော လေ့လာခဲ့တဲ့ စစ်တမ်းတစ်ခုအရ ကျောင်းသား ၇၅ % ဟာ သူတို့ရဲ့ တက္ကသိုလ်ပညာသင်စရိတ် အကြွေးများကြောင့်  စိတ်ဖိစီးနေကြပြီး စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ခံစားနေရတယ် လို့ဖော်ပြခဲ့ပါတယ်။ ဒီအခြေအနေကို အနောက်နိုင်ငံမှ ကျောင်းသားလူငယ် စောင့်ရှောက်ရေးအဖွဲ့များကတော့ “ကျောင်းသားများရဲ့ စိတ်ကျန်းမာရေး ဆိုင်ရာအကြပ်အတည်း” လို့ ခေါ်ဆိုနေကြပြီး  ကျောင်းသားများကို အတတ်နိုင်ဆုံး ကူညီရန် ကြိုးစားနေကြတယ်လို့ သိရပါတယ်။

တက္ကသိုလ်ကျောင်းသားများထဲမှာ တက္ကသိုလ်ရောက်မှ ပျော်ရွှင်နေကြတဲ့ ကျောင်းသားများရှိသလို တက္ကသိုလ်မှာ ရုန်းကန်နေရတဲ့  ကျောင်းသားများလည်း ရှိကြပါတယ်။ တက္ကသိုလ်ကျောင်းသားအများစုဟာ တက္ကသိုလ်ရောက်လာတာနဲ့ တစ်ပြိုင်နက် ကိုယ့်တာဝန်ကိုယ်ယူကာ  အချိန်ပိုင်း လုပ်ငန်းခွင်ဝင်ရမှုတွေ၊ မိသားစုကို ကြည့်ရှု့စောင့်ရှောက်ရတဲ့ ပြဿနာတွေရှိကြပြီး နိုင်ငံတကာကျောင်းသားများကတော့ ယဉ်ကျေးမှု  မတူညီခြင်း၊ ဘာသာစကား အခက်အခဲနဲ့ အိမ်လွမ်းခြင်း စတဲ့ဝေဒနာတွေကို ခံစားရတယ်လို့ စစ်တမ်းကဖော်ပြထားပါတယ်။

ဒီစစ်တမ်းကြောင့် အခုဆိုရင် တက္ကသိုလ် ကျောင်းသားလူငယ်များအတွက် လျှုဒါန်း ကူညီတဲ့ အသင်းအဖွဲ့များနဲ့ တက္ကသိုလ် အများအပြားဟာ  တက္ကသိုလ်ကျောင်းဝင်းအတွင်းမှာ ကျောင်းသား၊ ကျောင်းသူများရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာများကို လျှော့ပါးအောင် ကူညီနေကြပါတယ်။ ဥပမာ – စကော့တလန်နိုင်ငံ အီဒင်ဘာဂ်ျ တက္ကသိုလ် (Edinburgh) မှာဆိုရင် ကျောင်းသားများရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာများကို ကူညီပေးနိုင်ရန် ပေါင် ၁ သိန်း ၄ သောင်း မတည်ထားတဲ့ အဖွဲ့အစည်းတစ်ခုကို ထူထောင်ထားပြီး ဒီအဖွဲ့အစည်းမှာဆိုရင်  စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူ၊ သီးသန့် တက္ကသိုလ်ဆရာများနဲ့ စိတ်ပိုင်းဆိုင်ရာ ဆရာဝန်များ ပါဝင်ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

အီဒင်ဘာဂ်ျတက္ကသိုလ် အပြင် အင်္ဂလန်နိုင်ငံမှ ကျော်ကြားတဲ့ လိဒ်တက္ကသိုလ် (University of Leeds)၊ အာစတာ တက္ကသိုလ် (University of  Ulster) နဲ့ ဆဲလ်ဖို့တ် တက္ကသိုလ် (University of Ulster) များဟာ ကျောင်းသားလူငယ်များ စိတ်ပျော်ရွှင်လာကြစေရန် ကောင်းမွန်တဲ့  ကဖေးများ၊အားကစားဆိုင်ရာ ယှဉ်ပြိုင်မှု အစီအစဉ်များ နဲ့ စိတ်ပိုင်းဆိုင်ရာ သုတသနပြု အဖွဲ့များဖွဲ့စည်းကာ ကျောင်းသား လူငယ်များ  တက္ကသိုလ်ကျောင်းသားဘဝမှာ ပျော်ရွှင်စေကြရန်နဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာများကို ကုစားပေးရန် လုပ်ဆောင်နေလျက် ရှိပါတယ်။

Ref : independent.co . News :more-students-are-dropping-out-of-university because-of-mental-health-problems

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top