ပရိသတ် (၁၀၀၀) ကို ဒေါ်လာ (၅၀၀) စီ ခရစ်စမတ်လက်ဆောင်ပေးခဲ့တဲ့ ကင်မ် ကာဒါရှန်

23-12-2020-yyl01.jpg

မော်ဒယ်လည်းဖြစ်တဲ့၊ စီးပွားရေးလုပ်ငန်းရှင်လည်းဖြစ်တဲ့ ကင်မ် ကာဒါရှန် (Kim Kardashian) ဟာ ပရိသတ် (၁၀၀၀) ကို ခရစ်စမတ်လက်ဆောင်အနေနဲ့ ဒေါ်လာ (၅၀၀) စီ ပို့ပေးသွားဖို့ စီစဉ်ထားတယ်လို့ ကြေညာခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါက လူတော်တော်များများကို အလုပ်လက်မဲ့ဖြစ်စေခဲ့ပြီး အထွေထွေအသုံးစရိတ်အတွက် အခက်အခဲဖြစ်နေတာကြောင့် ဒီလက်ဆောင်က သူတို့ အဆင်ပြေဖို့အတွက်ကူညီပေးနိုင်မယ်လို့ ကင်မ်က မျှော်လင့်ထားတာပါ။

“The Keeping Up with Kardashians” Reality Seriesရဲ့စတားလည်းဖြစ်တဲ့ ကင်မ်က ဒေါ်လာ ၅၀၀ စီကို CashApp ကနေတဆင့် ပေးပို့မှာဖြစ်ပြီး လူမှုကွန်ယက်ပေါ်မှာ KKWHoliday ဆိုတဲ့ Hashtag နဲ့အတူ CashApp ကို Share တဲ့သူတွေထဲကမှ ပရိသတ် (၁၀၀၀) ကို Random စနစ်နဲ့ ရွေးချယ်သွားမှာဖြစ်တယ်လို့ ပြောခဲ့တာပါ။ ကင်မ်က တွစ်တာအကောင့်မှာ ကြေညာခဲ့တာကတော့ “နှစ်တစ်နှစ်ရဲ့အံ့သြစရာအကောင်းဆုံးအချိန်အခါပါပဲ။

၂၀၂၀ခုနှစ်က တကယ်ကို ခက်ခဲစေခဲ့ပြီး လူတွေက ဘယ်လို အိမ်ငှားခပေးရမလဲ၊ ဘယ်လိုစားသောက်ရမလဲ၊ ကလေးတွေအတွက် လက်ဆောင်ဘယ်လိုပေးရမလဲဆိုတာနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်နေရတယ်ဆိုတာ ကျွန်မ သိပါတယ်။ ပရိသတ် (၁၀၀၀) ဆီကို ဒေါ်လာ ၅၀၀ စီပေးပို့ခြင်းဖြင့် ချစ်ခြင်းမေတ္တာတွေဖြန့်ဝေချင်ပါတယ်။ အောက်မှာ #KKWHoliday နဲ့ $cashtagကို ပို့ပေးပါ” ဆိုတာပါပဲ။ အခုဆိုရင် ကင်မ်က ဒေါ်လာ ၅၀၀ စီကို ပေးပို့ပြီးသွားခဲ့ပါပြီ။ ဒေါ်လာ ၅၀၀ စီရရှိခဲ့တဲ့ ပရိသတ်တချို့ကလည်း တွစ်တာအကောင့်ကနေ တဆင့် ကျေးဇူးတင်စကားဆိုထားကြပါတယ်။

Reality Series Keeping Up with Karadashians ကို ၂၀၂၁ခုနှစ်မှာ အဆုံးသတ်မယ်လို့ ဆုံးဖြတ်ချက်ချပြီးနောက်၊ ကင်မ်တို့မိသားစု Hulu နဲ့ စာချုပ်ချုပ်ဆိုပြီး လက်တွဲလက်ကြောင်း ကြေညာပြီးတဲ့နောက်မှာ ဒီလှူဒါန်းမယ်ဆိုတဲ့ သတင်းထွက်ရှိလာခဲ့တာပါ။ အခုလအစောပိုင်းမှာ ကင်မ်ရဲ့မိခင် ခရစ် ဂျန်နာ (Kris Jenner) က Hula နဲ့ လက်တွဲလိုက်ကြောင်း တွစ်တာအကောင့်မှာ ကြေညာခဲ့တာဖြစ်ပါတယ်။

သူတို့ရဲ့ Reality Series ကို အဆုံးသတ်လိုက်ပြီဆိုတာကိုတော့ ကင်မ်က အတည်ပြုခဲ့တာပါ။ ဒီ Series ကို အဆုံးသတ်ဖို့အတွက် မိသားစုတွေ ခက်ခက်ခဲခဲနဲ့ ဆုံးဖြတ်ချက်ချခဲ့ရတာဖြစ်ပြီး ပြသခဲ့တဲ့ (၁၄) နှစ်တာအတွင်း ကြည့်ရှုပေးခဲ့တဲ့သူတွေကို ကျေးဇူတင်တာထက်ကို ပိုကြောင်း၊ ဒီလိုအမှတ်တရတွေနဲ့ Series တစ်လျှောက်မှာ တွေ့ဆုံခဲ့ကြတဲ့ မရေတွက်နိုင်တဲ့သူတွေကိုလည်း ထာဝရအမှတ်ရသွားမှာဖြစ်ကြောင်းရေးသားအတည်ပြုခဲ့တာဖြစ်ပါတယ်။

Ref: AsiaOne”Kim Kardashian West giving away $500 each to 1,000 people”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top