ကျွန်တော်တို့ဟာ ဆဌမအအကြိမ်မြောက် အစုလိုက်အပြုံလိုက်မျိုးသုန်းခြင်းကာလမှာ ရောက်ရှိနေပါပြီ

Whalebone.jpg

စတန်းဖို့တက္ကသိုလ်က လေ့လာသူတွေရဲ့စစ်တမ်းတွေအရ ကျွန်တော်တို့ ကမ္ဘာကြီးဟာ ဆဌမအကြိမ်မြောက်မျိုးသုန်းခြင်းဖြစ်စဉ်အစကို ရောက်နေပြီလို ပြောထားပါတယ်။ ဒီစစ်တမ်းတွေအရ ပထမဦးဆုံးဆိုသလို အကြီးမားဆုံး အဏ္ဏဝါသတ္တဝါကြီးတွေက ထိပ်ဆုံးကစပြီး ပျောက်ကွယ်မယ်လို့ သိထားရပါတယ်။ ဟုတ်ပါတယ်။ အားလုံးသိထားတဲ့အတိုင်းပါပဲ။ ဒီကိစ္စမှာ လူသားတွေဟာ တာဝန်အရှိဆုံးတွေပါ။

ကမ္ဘာကြီးဟာ ဆဌမအကြိမ်မြောက်မျိုးသုန်းခြင်းဖြစ်စဉ်အစကို ရောက်နေ

“အခု ခေတ်သစ်သမုဒ္ဒရာတွေမှာ အရွယ်အစားဟာ အများကြီးစကားပြောနေတယ်။ ဒီကိစ္စကြောင့်ပဲ ပိုမိုကြီးမားတဲ့သတ္တဝါတွေဟာ မျိုးသုန်းခြင်းအန္တရာယ်ကို ပိုမိုရင်ဆိုင်နေရပါတယ်” လို့ စတန်းဖို့ တက္ကသိုလ်က Jonathan Payne က ပြောကြားခဲ့ပါတယ်။

ဒီကိစ္စကို အရေးပေါ်ကာကွယ်ဖို့အတွက် ကျွန်တော်တို့ ကြိုးစားသင့်နေပါတယ်။ Payne နဲ့ သူ့အဖွဲ့ဟာ ပြီးခဲ့တဲ့ မျိုးသုန်းခြင်းဖြစ်စဉ်ဖြစ်ခဲ့တဲ့ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း (၄၄၅) က ရုပ်ကြွင်းတွေကို အခုဖြစ်စဉ်တွေနဲ့ နှိုင်းယှဉ်ကြည့်ခဲ့ပါတယ်။

သူတို့အဖွဲ့က အဓိကကြည့်ရှုနေဲ့ အဏ္ဏဝါမျိုးစိတ်နှစ်ခုဖြစ်တဲ့ မောလက်စ် (mollusks) နဲ့ ဗာတီဘရိတ်စ် (vertebrates) တို့မှာ အရင်နဲ့ခုနဲ့ ကွာခြားချက်တွေ အများကြီးရှိနေပါတယ်။ ပြီးခဲ့သမျှမျိုးသုန်းမှုတွေဟာ အရွယ်အစားအပေါ်မှာမမူတည်ခဲ့ပါဘူး။ အဏ္ဏဝါသတ္တဝါများအားလုံးဟာ ညီတူညီမျှ အန္တရာယ်ရှိခဲ့ပါတယ်။

လေ့လာမှုတွေအရ ခန္ဓာကိုယ်အရွယ်အစား (၁၀) ဆတက်တိုင်း သူ့အတွက် အန္တရာယ်ဟာ (၁၃) ဆ ပိုပြီး တက်လာပါတယ်

“ကျွန်တော်တို့ရရှိထားတဲ့လေ့လာမှုတွေအရ ခန္ဓာကိုယ်အရွယ်အစား (၁၀) ဆတက်တိုင်း သူ့အတွက် အန္တရာယ်ဟာ (၁၃) ဆ ပိုပြီး တက်လာပါတယ်။ အဲဒါကြောင့် ကြီးမားလေလေ မျိုးသုန်းခြင်းအန္တရာယ်ကြီးမားလေလေပဲပေါ့” ဟု Payne က ပြောကြားခဲ့ပါတယ်။

ဘယ်သူ့ကိုအပြစ်တင်ရမယ်ဆိုတာ ငြင်းစရာမလိုဘူးထင်ပါတယ်။ ဒီကိစ္စမှာ လူသားတွေ လက်ချက်ပါနေလားဆိုတာကို စစ်ဆေးကြည့်တဲ့အခါမှာတော့ သိပ်ပြီးငြင်းစရာမရှိလှပါဘူး။

“ဘာလို့လဲဆိုတော့ ငါးဖမ်းလုပ်ငန်းတွေဟာ ကြီးမားတဲ့ငါးမျိုးစိတ်တွေကို ပစ်မှတ်ထားပြီးတော့ အဲဒီကစလို့ အစာကွင်းဆက်ဟာ ကမောက်ကမဖြစ်သွားပါတယ်။ ကြီးမားတဲ့ငါးတွေစားဖို့အတွက် အစာတွေဟာ အလုံလောက်သိပ်မရတော့ပါဘူး။ ဖြည်းဖြည်းခြင်း သေးလာပါတယ်” လို့ အဖွဲ့ဝင်တစ်ယောက်ဖြစ်သူ Matthew Knope ကပြောကြားခဲ့ပါတယ်။

ဒါ့ကြောင့်ကျွန်တော်တို့ဟာ ငါးဖမ်းခြင်းဥပဒေတွေကို နည်းနည်းကြပ်မတ်ဖို့ လိုလာပါပြီ။ ငါးတွေကို တန်ဖိုးထားရတာလည်း လူသားတွေအတွက်ပါ။ သတ္တဝါမျိုးစိတ်တစ်ခုမျိုးသုန်းခြင်းရဲ့ နောက်ကွယ်မှာ ဆိုးဝါးတဲ့အကျိုးဆက်တွေ အများကြီးရှိပါတယ်။ အဲဒါကတော့ အစာကွင်းဆက်တွေနဲ့ ecosystem ပါပဲ။

ဒီဆောင်းပါးကို Curiosity မှာ ဖော်ပြထားတာဖြစ်ပါတယ်။

Ref: Curiosity
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top