ဆန်းပြားတဲ့အနံ့ခံအာရုံကိုပိုင်ဆိုင်ထားတဲ့အပြင် တခြားထူးခြားစွမ်းအင်တွေပါရှိနေတဲ့ မိန်းကလေး

60865545_406965303487332_4232744614429196288_n-1.jpg

ဒိတီ ရှဂ်မီ (Deepti Regmi) လို့ခေါ်တဲ့ အသက် (၁၁) နှစ်အရွယ်ကောင်မလေးဟာ အရာဝတ္ထုတွေကိုမမြင်ရပေမဲ့လည်း အနံ့ခံလိုက်ရုံနဲ့ အရောင်တွေကိုမှန်မှန်ကန်ကန်ပြောနိုင်တဲ့ ထူးခြားစွမ်းအင်ရှိကြောင်းကို ပြီးခဲ့တဲ့နှစ်က သူ့ဘာသာ စသတိထားမိလာခဲ့ပါတယ်။ မျက်လုံးကို အဝတ်နဲ့စည်းထားရင်တောင်မှ အရောင်တွေကိုမလွဲအောင်ပြောနိုင်နေတုန်းပါ။

မျက်လုံးကို အဝတ်နဲ့စည်းထားရင်တောင်မှ အရောင်တွေကိုမလွဲအောင်ပြောနိုင်

ဒါက နည်းနည်းထူးဆန်းသလိုရှိပေမဲ့ တကယ်တမ်းမှာ ဆစ်နသီးစီးယား (synaesthesia) လို့ခေါ်တဲ့ သဘာဝဖြစ်စဉ်တစ်ခုသာ ဖြစ်ပြီး အာရုံခံမှု (၂) ခုရောထွေးသွားတဲ့အခါမျိုးမှာ ဖြစ်တတ်တဲ့ ဖြစ်စဉ်ပါ။ မူလ (သို့) မတူညီတဲ့အာရုံခံမှုတစ်ခုက အခြားအာရုံခံမှုတစ်ခု ပြီးမြောက်ဖို့အတွက် လှှုံဆော်ပေးတဲ့အခါမှာ ဆစ်နသီးစီးယား (synaesthesia) ဆိုတဲ့ သဘာဝဖြစ်စဉ် ပေါ်ပေါက်လာပါတယ်

ဆစ်နသီးစီးယား (synaesthesia) လို့ခေါ်တဲ့ သဘာဝဖြစ်စဉ်တစ်ခုဖြစ်ပြီး အာရုံခံမှု (၂) ခုရောထွေးသွားတဲ့အခါမျိုးမှာ ဖြစ်တတ်

ဥပမာအားဖြင့် အစားအသောက်ရဲ့အသံကိုကြားလိုက်ရုံနဲ့ ဘာအစားအစာလဲဆိုတာ စိတ်နဲ့ပုံဖော်ခန့်မှန်းနိုင်သလို သီချင်းသံကိုကြားနေရုံနဲ့ သူတို့မျက်လုံးက မှိတ်ထားသော်ငြား သီချင်းဗီဒီယိုထဲကအရာတွေ ဘာအရောင်ဆိုတာကို မြင်နေရသလိုခန့်မှန်းနိုင်တာမျိုးပဲ ဖြစ်ပါတယ်။ ဒီလောက်ဆို အာရုံခံမှုနှစ်ခုရောထွေးခြင်း ဆစ်နသီးစီးယား (synesthesia) ရဲ့သဘောတရားကို နားလည်လောက်ပြီ ထင်ပါတယ်။

အရောင်တွေကိုအာရုံခံနိုင်တဲ့အပြင် စာရွက်ပေါ်ကစာလုံးတွေကိုလည်း မမြင်ရဘဲ လက်နဲ့ပွတ်ကြည့်ရုံနဲ့ ဘာစာတွေရေးထားတယ်ဆိုတာကို တပ်အပ်ပြောနိုင်

ဒိတီဟာ အရောင်တွေကိုအာရုံခံနိုင်တဲ့အပြင် စာရွက်ပေါ်ကစာလုံးတွေကိုလည်း မမြင်ရဘဲ လက်နဲ့ပွတ်ကြည့်ရုံနဲ့ ဘာစာတွေရေးထားတယ်ဆိုတာကို တပ်အပ်ပြောနိုင်ပါသေးတယ်။ American Psychological Association ရဲ့ပြောကြားချက်အရ ဆစ်နသီးစီးယား (synaesthesia) ဆိုတဲ့ဖြစ်စဉ်ဟာ လူအယောက် (၂,၀၀၀) မှာ (၁) ယောက်သာ ဖြစ်တတ်တာဖြစ်ပြီး ဒီစွမ်းအင်မျိုးကို မိန်းကလေးတွေက ပိုပြီးပိုင်ဆိုင်တတ်ကြတယ်လို့ ဆိုပါတယ်။

မျိုးရိုးလိုက်တာကြောင့်လည်းဖြစ်တတ်ပေမဲ့ တစ်မျိုးလုံးတစ်ဆွေလုံးမှာမှ အလိုအလျောက် မိမိတစ်ဦးတည်း ထူးထူးခြားခြားမွေးရာပါလာတာမျိုးလည်း ဖြစ်နိုင်

ဒီဖြစ်စဉ်ဟာ မျိုးရိုးလိုက်တာကြောင့်လည်းဖြစ်တတ်ပေမဲ့ တစ်မျိုးလုံးတစ်ဆွေလုံးမှာမှ အလိုအလျောက် မိမိတစ်ဦးတည်း ထူးထူးခြားခြားမွေးရာပါလာတာမျိုးလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

အရာဝတ္ထုတွေကိုအနံ့ခံပြီး အရောင်တွေခွဲပြနေတဲ့ ဒိတီရဲ့ဗီဒီယိုကိုတော့ အောက်ပါလင့်ခ်ကနေတစ်ဆင့် ဝင်ကြည့်ရှုနိုင်ပါတယ်။

https://bit.ly/2Ex6dhU

Ref: Elitereaders “11-Year-Old Girl Can Recognize Colors By Using The Sense of Smell”
Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top