အီသီယိုးပီးယားမှ လူရိုင်းများ

suri01.jpg

အီးသီးယိုးပီးယားနဲ့ ဆူဒန်နိုင်ငံ နယ်စပ်မှာ Suri လို့အမည်ရတဲ့ လူရိုင်းမျိုးနွယ်များ နေထိုင်ပါတယ်။ သူတို့ဟာ အခြားလူရိုင်းများနဲ့ မတူတာကတော့ နှုတ်ခမ်းနဲ့ နားတို့မှာ ကြီးမားတဲ့ အပြားများကို တပ်ဆင်ခြင်း ဖြစ်ပါတယ်။

နား၊ နှာခေါင်း၊ နှုတ်ခမ်း အစရှိသဖြင့်တို့ကို အပေါက်ဖောက်ပြီး ကျယ်ပြောတဲ့ အပြားများကို ထည့်လေ့ ရှိပါတယ်။ အသက်ငယ် သူများအတွက် မဟုတ်ပဲ ခေါင်းဆောင်များ၊ လူကြီးများ ပြုလုပ်ရန် ဖြစ်ပါတယ်။ ယင်းအပြားကို ဝတ်ဆင်ထားခြင်းဖြင့် ပိုမို မြင့်မြတ်မှုကို ဖော်ပြကြောင်း ဆိုပါတယ်။ ယင်း ဒေသဟာ များသော အားဖြင့် တည်ငြိမ်အေးချမ်းပေမယ့် ယခင်က သောင်းကြမ်းသူများ ရှိပါတယ်။ ဒါကြောင့်မို့ သူတိ့ု လူရိုင်းတွေဟာ ဒုတ်၊ ဓါးများ မကိုင်တော့ပဲ ခေတ်နဲ့ အညီ သေနတ်ကို ကိုင်ကြ ပါတယ်။သြစတေးလျ အခြေဆိုက် အမျိုးသမီး ဓာတ်ပုံဆရာ တစ်ဦးက ယင်း လူရိုင်းတိုကို ယခုလို ဓာတ်ပုံရိုက် မှတ်တမ်းတင်ခဲ့ ပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top