တစ်ခါတစ်ရံ ကျွန်တော်လည်း ဆုတောင်းနေရင်းနဲ့ အိပ်ပျော်တတ်ပါတယ် လို့ပြောခဲ့တဲ့ ပုပ်ဖရန့်စစ်

Pope-francis-praying.jpg

သက်တော် ၈၀ ပြည့်ပြီ ဖြစ်တဲ့ အာဂျင်တီးနားနိုင်ငံသား ပုပ်ရဟန်းမင်းဟာ သူကိုယ်တိုင်လည်း ဆုတောင်းရင်းနဲ့ အိပ်ပျော်သွားတတ်သလို တခြားသော သူတော်စင်တွေလည်း ဆုတောင်းရင်းနဲ့ အိပ်ပျော်တတ်ကြတယ်လို့ ဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့က Youtube မှာ ပြသခဲ့တဲ့ Catholic TV2000 TV အစီအစဉ် မှာ ပုပ်ရဟန်းမင်းကြီးက “ကျွန်တော်လည်း တစ်ခါတစ်ရံ ဆုတောင်းနေရင်းနဲ့ အိပ်ပျော်တတ်ပါတယ်။ သူတော်စင် သီရီဆီလည်း အဲ့လိုပါပဲ ” ၁၉ ရာစုခန့်က ပြင်သစ်သီလရှင် တစ်ပါးကို ကိုးကားပြောဆိုခဲ့ပါတယ်။ ဆုတောင်းရင်းနဲ့ အိပ်ပျော်တယ်ဆိုတာ ဖခင်ရဲ့ လက်မောင်းမှာ မှီရင်း အိပ်ပျော်သွားတဲ့ ကလေးလေးတစ်ယောက်ရဲ့ အဖြစ်မျိုးပါပဲ လို့ ပုပ်က ဆိုခဲ့ပါသေးတယ်။

https://www.youtube.com/watch?v=8sm2rrdhnO0

ရိုမန် ကတ်သိုလစ် ဘုရားကျောင်းရဲ့ အကြီးဆုံးခေါင်းဆောင်ဖြစ်တဲ့ ပုပ်ဖရန်စစ်ဟာ လူအများနဲ့ တွေ့တဲ့ အခါမှာ လှိုက်လှိုက်လှဲလှဲနဲ့ အားပါပါ ပြောဆိုတွေ့ဆုံတတ်သူ တစ်ယောက်ဖြစ်ပေမဲ့ ဆုတောင်းတဲ့အချိန်ကြရင် လေးလေးနက်နက် နဲ့ ဦးခေါင်းကို ငုံ့ပြီး နာရီပေါင်းများစွာ ဆုတောင်းတတ်သူတစ်ယောက် ဖြစ်ပါတယ်။

၂၆၆ ယောက်မြောက် ပုပ်ရဟန်းကြီးဖြစ်ပြီး ဗာတီကန်မြို့ အုပ်ချုပ်သူ အာဏာပိုင်ဖြစ်တဲ့ ပုပ်ဖရန်စစ်ဟာ ညဘက် ၉ နာရီလောက်မှာ အိပ်ယာဝင်ကာ မနက် ၄နာရီဆိုရင် အိပ်ယာမှ ထတတ်သူတစ်ယောက်ဖြစ်ပါတယ်။ ပုပ်ဖရန်စစ်ရဲ့ များပြားလှတဲ့ အစီအစဉ်တွေကြောင့် နေ့လည်စာ စားပြီးချိန်မှာလည်း ခဏမျှသာ အိပ်စက်ရတယ် လို့ ဗာတီကန်က သတင်းရင်းမြစ်တစ်ခုက ဆိုပါတယ်။

Ref : Guardian News : Pope Francis: ‘When I pray, sometimes I fall asleep’

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top