“I Want It That Way” သီချင်းကို “Acoustic” ဗာရှင်းနဲ့ ပြန်လည်သီဆိုခဲ့တဲ့ Backstreet Boys အဖွဲ့

190210194351-44-grammys-style-2019-exlarge-169.jpg

“ဘာလို့လဲဆိုတာ ငါ့ကို ပြောပြပါ။ ခေါင်းကိုက်စရာကလွဲလို့ ဘာမှဟုတ်မှာ မဟုတ်တာကိုး။ ဘာလို့လဲဆိုတာ ငါ့ကို ပြောပြပါ။ အမှားတစ်ခုက လွဲလို့ ဘာမှဟုတ်မှာ မဟုတ်တာကိုး။ ဘာလို့လဲဆိုတာကို ငါ့ကို ပြောပြပေးပါ” ဆိုတဲ့ သီချင်းစာသားတွေနဲ့ ဟိုလေးတစ်ကျော် ဖြစ်ခဲ့တဲ့ “I Want It That Way” သီချင်းကို Backstreet Boys အဖွဲ့က အဲဒီသီချင်းပါတဲ့ “အယ်လ်ဘမ်” နှစ် (၂၀) ပြည့်သွားတဲ့ အထိမ်းအမှတ်အနေနဲ့ ပြန်ပြီး သီဆိုခဲ့ပါတယ်။

“I Want It That Way – ငါ ဒါကို ဒီအတိုင်းပဲ လိုချင်တယ်” ဆိုတဲ့ သီချင်းပါဝင်နေတဲ့ Millennium Album ကို လွန်ခဲ့တဲ့ (၁၉၉၉) ခုနှစ်မှာ ရောင်းချခဲ့ပြီး အခုနှစ် (၂၀၁၉) ခုနှစ်မှာဆိုရင် နှစ် (၂၀) ပြည့်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့်လည်း Backstreet Boys အဖွဲ့က “Millennium Album” နှစ် (၂၀) ပြည့်တဲ့ အထိမ်းအမှတ် အနေနဲ့ အဲဒီအယ်လ်ဘမ်ထဲမှာပါတဲ့ “I Want It That Way” သီချင်းကို “Acoustic Version” နဲ့ ပြန်လည်သီဆိုခဲ့တာပါ။

Backstreet Boys အဖွဲ့က “ဘယ်အဖွဲ့မှာမှ ကျွန်တော်တို့လိုမျိုး အံ့အားသင့်စရာကောင်းတဲ့ ပရိသတ်တွေ ရှိလာမှာ မဟုတ်ပါဘူး။ ဒီလိုပြောတာကို ယုံလိုက်ပါ။ ပရိသတ်တွေကို ကျေးဇူးတင်တယ်လို့ ပြောရင် ဘယ်တော့မှလုံလောက်မှု ရှိမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ ဘယ်လိုကံကောင်းလဲဆိုတာ ပြသချင်တဲ့အတွက် ဒီသီချင်းကို မျှဝေခဲ့တာပါ” လို့ ပြောခဲ့ပါတယ်။ ဒီနှစ်အစောပိုင်းက Backstreet Boys အဖွဲ့ဟာ ရပ်တည်လာခဲ့တာ (၂၆) နှစ်ပြည့်ခဲ့ပါတယ်။

လက်ရှိမှာ Backstreet Boys အဖွဲ့ဟာ DNA လို့ အမည်ရတဲ့ Album အသစ်ကို ကမ္ဘာလှည့် ဖျော်ဖြေနေတာ ဖြစ်ပြီး အရင်အပတ်က ပေါ်တူဂီမြို့ကနေ စပြီး ဖျော်ဖြေခဲ့ပါတယ်။ အဖွဲ့ဝင် (၅) ဦးနဲ့ ဖွဲ့စည်းထားတဲ့ Backstreet Boys အဖွဲ့ဟာ ဖေဖော်ဝါရီလ (၁၀) ရက်နေ့က ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ် အိန်ဂျယ်မြို့မှာ ကျင်းပခဲ့တဲ့ (၆၁) ကြိမ်မြောက် “နှစ်စဉ် ဂရမ်မီ ဆု ပေးပွဲ” အခမ်းအနားကို စုံစုံလင်လင် တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

Ref: CNN “Backstreet Boys release new 20th anniversary edition of ‘I Want It That Way”
Ah Ko Latt (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top