နာမည်ကြီး Manga “Dragon Ball”ဖန်တီးရှင် အာခီရာတိုရီယာမာ ကွယ်လွန်

8.3.24-yyl-6.jpg

နာမည်ကြီး Manga “Dragon Ball” ဖန်တီးရှင် အာခီရာတိုရီယာမာဟာ အသက် ၆၈ နှစ်မှာ ကွယ်လွန်သွားခဲ့ပါပြီ။ သူ သေဆုံးသွားကြောင်းကို မတ်လ ၈ ရက်နေ့မှာ X အကောင့် (တွစ်တာ) Dragon Ball ကနေ ထုတ်ပြန်ခဲ့တာပါ။ အာခီရာ သေဆုံးခဲ့တာကတော့ မတ်လ ၁ ရက်နေ့ကဖြစ်ပြီး ဦးနှောက်မျက်နှာပြင်ပေါ် သွေးခဲခြင်း (Subdural hematoma) ရောဂါနဲ့ သေဆုံးခဲ့တာပါ။

ဈာပနအခမ်းအနားကို သူ့မိသားစု၊ ဆွေမျိုးတချို့နဲ့အတူ ပြုလုပ်ခဲ့တာပါ။ အာခီရာအတွက် အထိမ်းအမှတ်စုဝေးပွဲအစီအစဉ်တွေကိုတော့ မဆုံးဖြတ်ရသေးပေမဲ့ အချိန်မီထုတ်ပြန်ကြေညာသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အာခီရာ ဖန်တီးခဲ့တဲ့ manga “Dragon Ball” ကို ၁၉၈၄ ခုနှစ်ကတည်းက ထုတ်ဝေခဲ့တာပါ။ အာခီရာကို ၁၉၉၀ ပြည်နှစ်ဝန်းကျင်က ဗီဒီယိုဂိမ်းဖြစ်တဲ့ Chrono Trigger အတွက် ဒီဇိုင်နာတစ်ဦးအဖြစ်လည်း လူသိများပါတယ်။ အာခီရာမှာ ဖန်တီးနေတဲ့ လက်ရာများစွာရှိနေသေးပြီး သူ ကွယ်လွန်သွားတာကြောင့် ဒီပရောဂျက်တွေကို မပြီးပြတ်သေးဘဲ ဒီအတိုင်းထားမလားဆိုတာတော့ ဖော်ပြမထားပါဘူး။

Ref: Akira Toriyama, creator of Dragon Ball, dies at 68

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top