လူမျိုးရေးခွဲခြားမှုတွေကို ပြင်းပြင်းထန်ထန် အရေးယူဖို့ မန်ယူကြယ်ပွင့်တွေ တောင်းဆို

hotsports01.jpg

လူမှုကွန်ရက်ပေါ်မှာ ပေါ့ဘာကို ပစ်မှတ်ထားတဲ့ လူမျိုးရေးခွဲခြားမှုတွေ ဖြစ်ပေါ်ခဲ့ပြီးနောက် တွစ်တာနဲ့ အင်စတာဂရမ် လူမှုကွန်ရက်စာမျက်နှာတွေအနေနဲ့ လူမျိုးရေးခွဲခြားမှုတွေကို ပြင်းပြင်းထန်ထန် အရေးယူဖို့ မန်ယူကြယ်ပွင့်တွေက တိုက်တွန်းခဲ့ပါတယ်။ ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာဟာ ဝုဗ်နဲ့ တစ်ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်မှာ ပင်နယ်တီလွဲခဲ့ပြီးနောက် လူမျိုးရေးခွဲခြားမှုခံခဲ့ရတာပါ။

အဲဒီနောက်မှာတော့ မက်ဂွာရီ၊ ရက်ရှ်ဖို့ဒ်တို့အပါအဝင် မန်ယူကြယ်ပွင့်တွေက လူမျိုးရေးခွဲခြားမှုတွေကို ရှုတ်ချခဲ့ပါတယ်။ အကောင့်ပုန်းတွေကို လှောင်ပြောင်နေတာကို လျှော့ချဖို့အတွက် တွစ်တာနဲ့ အင်စတာဂရမ်အကောင့်တွေကို နိုင်ငံကူးလက်မှတ် ဒါမှမဟုတ် ယာဉ်မောင်းလိုင်စင်နဲ့ အတည်ပြုခိုင်းသင့်တယ်လို့ မက်ဂွာရီက ပြောပါတယ်။ ရက်ရှ်ဖို့ဒ်ကတော့ မန်ယူဆိုတာ မိသားစုတစ်စုဖြစ်ပြီး ပေါ့ဘာက အဲဒီမိသားစုရဲ့ အရေးပါတဲ့ တစ်စိတ်တစ်ပိုင်းဖြစ်လို့ ပေါ့ဘာကို တိုက်ခိုက်တာဟာ မန်ယူတစ်သင်းလုံးကို တိုက်ခိုက်ရာရောက်တယ်လို့ ပြောခဲ့ပါတယ်။ ဒီသီတင်းပတ်အတွင်းမှာ ချဲလ်ဆီးတိုက်စစ်မှူး တမ်မီအေဘရာဟမ်နဲ့ ရက်ဒင်းအသင်း ယာကူမိုင်တီတို့လည်း လူမျိုးရေးခွဲခြားမှုတွေ ရင်ဆိုင်ခဲ့ရပါတယ်။

ဝုဗ်နဲ့ပွဲမှာ ပေါ့ဘာ ပင်နယ်တီလွဲခဲ့ပြီးနောက်မှာတော့ မန်ယူအသင်း နည်းပြ ဆိုးလ်ရှားက ရက်ရှ်ဖို့ဒ်ကို အသင်းရဲ့ပင်နယ်တီကန်သူအဖြစ် တရားဝင် တာဝန်ပေးအပ်ခဲ့ပြီလို့ သတင်းတွေက ဖော်ပြပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top