ပက်ကွီအိုနဲ့ နောက်တစ်ပွဲထိုးမယ်ဆိုတဲ့ ဗီဒီယိုတင်ရခြင်း အကြောင်းရင်းကို မေဝယ်သာ ရှင်းလင်း

68848214_2546492372048334_7408948186238156800_n.jpg

ပက်ကွီအိုနဲ့ နောက်တစ်ပွဲ ထပ်ထိုးမယ်ဆိုတဲ့ ဗီဒီယိုတင်ရတဲ့ အကြောင်းရင်းကို အမေရိကန်လက်ဝှေ့သမား(ဟောင်း)မေဝယ်သာက ရှင်းလင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ပျံ့နှံ့သွားခဲ့တဲ့ ဗီဒီယိုမှာ ပွဲတိုင်းနိုင် လက်ဝှေ့သမား မေဝယ်သာက ဖိလစ်ပိုင်လက်ဝှေ့သမား ပက်ကွီအိုနဲ့ နောက်တစ်ပွဲ ထပ်ထိုးနိုင်ရေး ဆွေးနွေးဖို့အတွက် ဆော်ဒီနိုင်ငံကို သွားမယ်လို့ ပြောထားပါတယ်။

တကယ်တော့ ဗီဒီယိုထဲမှာ မေဝယ်သာ ပြောခဲ့တဲ့ စကားတွေက အမှန်တကယ် မဟုတ်ပါဘူး။ အဲဒီဗီဒီယိုတင်ပေးရင် အမေရိကန်ဒေါ်လာ ၂ သန်းကျော် ရမယ်ဆိုလို့ အခုလို ဗီဒီယိုတင်ပေးရတာပါလို့ မေဝယ်သာက အင်စတာဂရမ်မှာ ရှင်းလင်းခဲ့ပါတယ်။ မေဝယ်သာဟာ အမေရိကန်ဒေါ်လာ ၁.၂ သန်းနဲ့ အမေရိကန်ဒေါ်လာ ၁ သန်း လက်ခံရရှိတဲ့ ဓာတ်ပုံတွေကို အင်စတာဂရမ်မှာ တင်ခဲ့ပါတယ်။ ဗီဒီယိုတင်ပေးတဲ့အတွက် ပိုက်ဆံရခဲ့တာလို့ မေဝယ်သာက ပြောပါတယ်။

”လွန်ခဲ့တဲ့ ၈ လကတည်းက ပက်ကွီအိုနဲ့ ပြန်ထိုးမယ့်အကြောင်း ဗီဒီယိုရိုက်ခဲ့ပါတယ်။ အဲဒီဗီဒီယိုရိုက်ပေးလို့ အမေရိကန်ဒေါ်လာ ၂.၂ သန်း ရပါတယ်။ တကယ်တမ်းတော့ ပက်ကွီအိုနဲ့ နောက်တစ်ပွဲက ဘယ်တော့မှ ထိုးဖြစ်မှာမဟုတ်ပါဘူး”လို့ မေဝယ်သာက ဆိုပါတယ်။ မေဝယ်သာက ၂၀၁၅ ခုနှစ်တုန်းက ပက်ကွီအိုကို အမှတ်နဲ့ အနိုင်ရခဲ့ဖူးပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top