ခြေစမ်းပွဲမှာ ရော်နယ်ဒို မကစားခဲ့လို့ တောင်ကိုရီးယားပရိသတ်တွေ တရားစွဲဖို့ ပြင်ဆင်နေ

67732495_2509679732396265_3012481136472358912_n.jpg

ပြီးခဲ့တဲ့တစ်ပတ်က ဆိုးလ်မြို့မှာ ကစားခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာ ဂျူဗင်တပ်အတွက် ရော်နယ်ဒို ပါဝင်ကစားခဲ့ခြင်းမရှိလို့ တောင်ကိုရီးယားဘောလုံးပရိသတ်တွေက ပွဲစီစဉ်သူတွေကို တရားစွဲဖို့ ပြင်ဆင်နေပါတယ်။ ကေလိဂ်အောစတားအသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ဂျူဗင်တပ်အတွက် ရော်နယ်ဒိုက အနည်းဆုံး ပွဲချိန်တစ်ပိုင်း ပါဝင်ဖို့ စာချုပ်ချုပ်ထားတယ်လို့ ပွဲစီစဉ်တဲ့ The Fasta Inc က ပြောခဲ့ပါတယ်။ ဒါပေမဲ့ တကယ်တမ်းပွဲကစားချိန်မှာ ရော်နယ်ဒိုက အရန်ခုံမှာပဲ ထိုင်နေခဲ့ပြီး ပါဝင်ကစားခဲ့ခြင်းမရှိပါဘူး။

အဲဒီအတွက် တောင်ကိုရီးယားဘောလုံးပရိသတ်တွေက လက်မှတ်တစ်စောင်ချင်းစီအတွက် လက်မှတ်ခ ဝမ် ၇၀၀၀၀ (၄၈ ပေါင်)၊ လက်မှတ်ကော်မရှင်ခ ဝမ် ၁၀၀၀ (၇၀ ပဲနိ) နဲ့ စိတ်အလိုမကျဖြစ်ခဲ့ရလို့ ဝမ် (၁) သန်း (ပေါင် ၆၉၆) နစ်နာကြေးတောင်းဖို့ ပြင်ဆင်နေပါတယ်။ တောင်ကိုရီးယားဘောလုံးပရိသတ်တွေ တရားစွဲဆိုဖို့ ပြင်ဆင်နေတာနဲ့ပတ်သက်ပြီး ရိုက်တာသတင်းဌာနက ပွဲစီစဉ်တဲ့ The Fasta Inc ကုမ္ပဏီကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ တစ်စုံတရာ မှတ်ချက်ပေးခဲ့ခြင်းမရှိပါဘူး။ ရော်နယ်ဒိုဟာ အဲဒီပွဲစဉ်မှာ ကြွက်သားအင်အားချိနဲ့နေလို့ မကစားခဲ့တာလို့ ဂျူဗင်တပ်နည်းပြ ဆာရီက ဆိုပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top