အီတလီလက်ရွေးစင်အသင်းမှာ အသက်အကြီးဆုံးဂိုးသွင်းသူဖြစ်လာတဲ့ ကွာဂလီရယ်လာ

55726171_2302063909824516_8863341992336162816_n.jpg

လစ်ချ်စတိန်းကို (၆) ဂိုးပြတ် အနိုင်ရတဲ့ပွဲစဉ်မှာ ဂိုးသွင်းနိုင်ခဲ့တဲ့ တိုက်စစ်မှူး ကွာဂလီရယ်လာဟာ အီတလီလက်ရွေးစင်အသင်းရဲ့ အသက်အကြီးဆုံးဂိုးသွင်းနိုင်သူ ဖြစ်လာခဲ့ပါတယ်။ အသက် (၃၆) နှစ်အရွယ်ရှိတဲ့ ကွာဂလီရယ်လာဟာ ဒီရာသီ ဆမ်ဒိုးရီးယားအသင်းမှာ ခြေစွမ်းပြနိုင်တဲ့အတွက် အီတလီလက်ရွေးစင်အသင်းအတွက် ရွေးချယ်ခံခဲ့ရသူပါ။

ကွာဂလီရယ်လာဟာ စီးရီးအေသွင်းဂိုး (၂၁) ဂိုးအထိ သွင်းယူပြီး စီးရီးအေရဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နေပါတယ်။ လစ်ချ်စတိန်းနဲ့ပွဲမှာလည်း ကွာဂလီရယ်လာက ပင်နယ်တီတွေကနေ (၂) ဂိုး သွင်းယူပေးခဲ့ပါတယ်။ အီတလီဟာ ယူရို-၂၀၂၀ ခြေစစ်ပွဲစဉ် (၂) ပွဲကစားရာမှာ (၂) ပွဲလုံး အနိုင်ယူပြီး အုပ်စုထိပ်ဆုံးမှာ ဦးဆောင်နေပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top