တိမ်ပေါ်မှာ ပန်းချီဆွဲပြီး ဆန်းသစ်မှုတစ်ခု ချပြခဲ့တဲ့ အနုပညာရှင်

8.1.24-yyl-6.jpg

တိမ်ပုံတွေပေါ်မှာ ပန်းချီဆွဲပြီး ဆန်းသစ်မှုတစ်ခု ချပြခဲ့သူကတော့ အိုင်ယာလန်နိုင်ငံ ဒဗ္ဗလင်မြို့မှာ နေထိုင်သူ ခရစ်ဂျက်ဒ်ပါပဲ။ သူဟာ ကိုဗစ်-၁၉ ကပ်ရောဂါကာလမှာ A Daily Cloud လို့ အမည်ပေးထားတဲ့ သူ့ရဲ့တိမ်ပန်းချီ ပရောဂျက်ကို စတင်ခဲ့တာ ဖြစ်ပါတယ်။

သူဟာ သဘာဝရှုခင်းတွေကို လိုက်လေ့လာရင်း တညနေခင်းမှာ ပန်းရောင်သန်းနေတဲ့ တိမ်စိုင်ကို တွေ့ခဲ့ပါတယ်။ အဲဒီတိမ်စိုင်က မြင်းနဲ့ ဝက်ဝံပုံစံမျိုး ဖြစ်နေတယ်လို့ သူ့စိတ်ထဲ ထင်မိတာကြောင့် ဓာတ်ပုံရိုက်ပြီး ဓာတ်ပုံပေါ်မှာ ပုံဆွဲခဲ့တာပါ။ သူ ဆွဲထားတဲ့လက်ရာကို လူမှုကွန်ရက်ပေါ် တင်လိုက်ချိန်မှာ အားပေးသူတွေ ရှိခဲ့တာကြောင့် နောက်ပိုင်းလည်း တိမ်ပုံပေါ်မှာ ပုံဆွဲပြီး A Daily Cloud ပရောဂျက်ကို လုပ်ဖြစ်ခဲ့တာလို့ ခရစ်ဂျက်ဒ်က ဆိုပါတယ်။

Ref: Artist Shares A Daily Cloud Doodle To Brighten Your Day

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top