၁၄ နှစ်ကြာ မွမ်းမံပြင်ဆင်ခဲ့တဲ့ ကားပျံကို နောက်ဆုံးစမ်းသပ်မှု လုပ်တော့မယ်

18-8-2022-yyl-12.jpg

၁၄ နှစ်ကြာ မွမ်းမံပြင်ဆင်ခဲ့တဲ့ ကားပျံကို နောက်ဆုံးစမ်းသပ်မှု လုပ်တော့မှာပါ။ လမ်းတွေပေါ်မှာ တရားဝင်မောင်းနှင်ခွင့်ရှိတဲ့ Samson Switchblade ၃ ဘီးကားဟာ တစ်နာရီ မိုင် ၂၀၀ နှုန်း ပျံသန်းနိုင်တဲ့ လေယာဉ်အဖြစ်လည်း ပြောင်းလဲနိုင်စွမ်း ရှိပါတယ်။

အမေရိကန်လေကြောင်းပျံသန်းမှုအာဏာပိုင်အဖွဲ့ထံကနေ ပျံသန်းခွင့်လိုင်စင် ရရှိထားတဲ့ Switchblade ကားပျံဟာ ဆီအပြည့်ထည့်ထားရင် မိုင် ၄၅၀ အကွာအဝေးအထိ ပျံသန်းနိုင်ပါတယ်။ တောင်ပံနဲ့ အမြီးကို ခေါက်သိမ်းလိုက်ရင်တော့ ဆီဒန်ကားတစ်စီးစာ အရွယ်အစားပဲ ရှိမှာပါ။

Switchblade ကားပျံ ပျံတက်နိုင်ဖို့အတွက်တော့ ပေ ၁၁၀၀ ရှည်လျားတဲ့ ပြေးလမ်းလိုအပ်ပြီး ဆင်းသက်ဖို့အတွက် ပေ ၇၀၀ အရှည် ပြေးလမ်း လိုပါတယ်။ Switchblade ကားပျံတစ်စီးကို အမေရိကန်ဒေါ်လာ ၁၅၀၀၀၀ ကျသင့်မှာဖြစ်ပြီး လက်ရှိအချိန်မှာ အစီးရေ ၁၆၀၀ မှာယူမှု ရရှိထားပါပြီ။

Ref: The Samson Switchblade Flying Car is Finally Ready for Takeoff – and it’s Kinda Brilliant

NZ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top