Captain Marvel 2 မှာ မင်းသားချော ပတ်ဆိုးဂျွန်ပါဝင်မယ်လို့ သတင်းထွက်ရှိ

unnamed1.png

ကိုရီးယားမင်းသားချော ပတ်ဆိုးဂျွန် (Park Seo Joon) ဟာ Marvel Cinematic Universe မှာ သရုပ်ဆောင်လာနိုင်ဖွယ်ရှိနေပါတယ်။ ဒီကနေ့ ဇွန်လ ၁၅ ရက်နေ့မှာ ပတ်ဆိုးဂျွန်က ၂၀၁၉ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “Captain Marvel”ရဲ့နောက်ဆက်တွဲ “The Marvels” ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်မှာဖြစ်တယ်လို့ သတင်းထွက်ရှိလာခဲ့ပါတယ်။ သတင်းထွက်ရှိချက်အရ ဆိုးဂျွန်က လက်ရှိရိုက်ကူးနေတဲ့ “Concrete Utopia” ဇာတ်ကားပြီးစီးသွားတဲ့နောက် အခုနှစ်ဒုတိယနှစ်ဝက်မှာ The Marvels ရိုက်ကူးဖို့အတွက် အမေရိကန်နိုင်ငံကို သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီသတင်းထွက်ရှိချက်နဲ့ပတ်သက်ပြီး ပတ်ဆိုးဂျွန်ရဲ့ အေဂျင်စီ Awesome ENT ကတော့ အတည်ပြုပြောဆိုလာခြင်းမရှိသေးပါဘူး။ ဒီသတင်းသာ အမှန်ဆိုရင်တော့ မင်းသား မာဒုံဆော့ (Ma Dong-seok) ပြီးရင် ပတ်ဆိုးဂျွန်က Marvel ရုပ်ရှင်ကားတွေမှာ ပါဝင်ခွင့်ရတဲ့ ဒုတိယမြောက် ကိုရီးယားမင်းသားဖြစ်လာမှာဖြစ်ပါတယ်။

“The Marvels” ဇာတ်ကားကို နီယား ဒါကိုစတာ (Nia DaCosta) ရိုက်ကူးမှာဖြစ်ပြီး ဘရီလာဆင် (Brie Larson)၊ တီရိုနက်ချ် ပါရစ် (Teyonah Parris) တို့ ပါဝင်မယ်ဆိုတာကတော့ အတည်ပြုပြီးသားဖြစ်ပါတယ်။ “The Marvels” ဇာတ်ကားကိုတော့ ၂၀၂၂ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့မှာ ရုံတင်ပြသဖို့ စီစဉ်ထားပါတယ်။

Ref: Soompi “APark Seo Joon To Reportedly Join Brie Larson And More In “The Marvels””

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top