လီဗာပူး ကွင်းလယ်လူ ဆာလက် အာဖရိကအကောင်းဆုံး ကစားသမားဆုရရှိ

Salah-2.jpg

လီဗာပူအသင်းနှင့် အီဂျစ်ကွင်းလယ်လူ မိုဟာမက်ဆာလက်သည် ၂၀၁၇ ခုနှစ်အတွက် အာဖရိက တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမား ဆု ရရှိသွားခဲ့ကြောင်းသိရသည်။

အဆိုပါ အာဖရိကအကောင်းဆုံးဆုကို ဘီဘီစီက ပေးအပ်ချီးမြှင့်ခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။

ဆာလက်သည် ဂါဘွန်တိုက်စစ်မှုး အူဘာမီယမ် (Aubameyang)၊ ကီတာ ( Keita)၊ ဆီနီဂေါတိုက်စစ်မှုး မာနေး (Sadio Mane)၊ နှင့် နိုင်ဂျီးရီးယား ကစားသမား ဗစ်တာမော်ဆက်စ် (Victor Moses)ကိုကျော်ဖြတ်ကာ အကောင်းဆုံးဆုရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။

ဆာလက်သည် ယခုရာသီတွင် လီဗာပူးအသင်းအတွက် ပရီးမီယားလိဂ်ဂိုး ၁၃ ဂိုးသွင်းယူနိုင်ခဲ့ပြီး နိုင်ငံနှင့် ကလပ်အသင်း နှစ်ခုစလုံးတွင် ခြေစွမ်းပြကစားနိုင်ခဲ့သူဖြစ်ကြောင်းသိရသည်။ ဆာလက်ဟာ အီဂျစ်အသင်း အာဖရိကနိုင်ငံများဖလားတွင် ဒုတိယနေရာရယူနိုင်ခဲ့အောင် အဓိက ကူညီပံ့ပိုးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

ထို့အပြင် အီဂျစ်အသင်းကို ၁၉၉၀ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာဖလားခြေစစ်ပွဲ အောင်မြင်စေရန် စွမ်းဆောင်ပေးနိုင်ခဲ့သူများထဲတွင် အဓိက အရေးပါခဲ့သူဖြစ်ပြီး ခြေစစ်ပွဲတွင် ကိုယ်တိုင် ၅ ဂိုးသွင်းယူနိုင်ကာ အသင်းဖော်တွေ ဂိုးရအောင် ၂ ကြိမ်ပံပိုးပေးနိုင်ခဲ့သည်။

ဆာလက်သည် အာဖရိကအကောင်းဆုံးဘောလုံးသမား ဆုကို ရယူနိုင်သည့် တတိယမြောက် အီဂျစ် ကစားသမားဖြစ်ခဲ့ပြီး ၂၀၀၈ ခုနှစ်နောက်ပိုင်း ပထမဆုံးရယူနိုင်ခဲ့သည့် အီဂျစ်ကစားသမားတစ်ဦးဖြစ်သည်။ ဆာလက်က “ကျွန်တော် အကောင်းဆုံး အီဂျစ် ကစားသမားဖြစ်ချင်တာကြောင့် ကျွန်တော် အမြဲကြိုးစားပါတယ်။ ကျွန်တော်ဟာ အမြဲတမ်း ကိုယ်ပိုင်လမ်းထွက်လျှောက်သူဖြစ်ပြီး တခြားအီဂျစ်နိုင်ငံသားတွေကိုလည်း ကျွန်တော်လို့ ကြိုးစားစေချင်ပါတယ်။ ”လို့ပြောဆိုခဲ့ပါတယ်။

ကောင်းထက်ငွေ (ရိုးရာလေး)

Ref : BBC : Mohamed Salah named BBC African Footballer of the Year

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top