နယူးယောက်မြို့တွင် အကြမ်းဖက် တိုက်ခိုက်ရန် ကြံစည်သူကို ဖမ်းဆီးနိုင်ခဲ့

99161756_manhattan_map_v2_640-nc.png

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၏အဓိက ဘတ်စ်ကား ဂိတ်လမ်းဆုံ ကို အကြမ်းဖက် တိုက်ခိုက်ရန် ကြံစည်မှုဖြစ်ပေါ်ခဲ့ပြီး အကြမ်းဖက် တိုက်ခိုက်ရန် ကြိုးပမ်းသူကို ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။ ဒီဇင်ဘာ ၁၁ ရက်နေ့က မန်ဟတ်တန်မြို့ ဆိပ်ကမ်းအာဏာပိုင် ဘက်စ်ကားဂိတ် လမ်းဆုံမှာ ပေါက်ကွဲမှုဖြစ့်ခဲပြီးနောက် အကြမ်းဖက်သမားများသည် အနိုင်မရခဲ့ကြောင်း နယူးယောက်မြို့တော်ဝန် ဘီဒီဘီလာ စီယို (Mayor Bill de Blasio) ကပြောဆိုသည်။

အကြမ်းဖက် တိုက်ခိုက်ခဲ့သူသည် ၂၇ နှစ်အရွယ်ရှိ အေကာရက် အူလက် (Akayed Ullah) ဆိုသူဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ရွေ့ပြောင်း အခြေချနိုင်ငံသားဖြစ်ပြီး ပေါက်ကွဲမှုဖြစ်ချိန်အတွင်း ဒဏ်ရာရခဲ့ကြောင်း နယူးယောက်မြို့အာဏာပိုင်တွေက ပြောဆိုသည်။

ပေါက်ကွဲမှုဖြစ်ချိန်တွင် လူ ၃ ဦး အသေးစားဒဏ်ရာ ရခဲ့ကြောင်း၊ သိရသည်၊ အကြမ်းဖက် တိုက်ခိုက်ရန်ကြံစည်သူ အူလက်သည် ပေါက်ကွဲမှုဖြစ်ချိန်တွင် အဝတ်အစားများ ဆုတ်ပြဲသွားခဲ့ပြီး ခန္ဓာကိုယ်အပေါ် ပိုင်း ဒဏ်ရာရကာ မြေပြင်မှာလဲနေခဲ့တယ် လို့သိရပါတယ်။ ယင်းတိုက်ခိုက်မှုကို တစ်ဦးတည်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း နယူးယောက်မြို့တော်ဝန်က ပြောဆိုသည်၊ နယူးယောက်မြို့ ဆိပ်ကမ်းအာဏာပိုင် ဘတ်စ်ကားဂိတ်သည် ကမ္ဘာပေါ်တွင် လူအစည်ကားဆုံး နေရာတစ်ခုဖြစ်ပြီး နှစ်စဉ်လူ ၆၅ သန်း အထိ သွားလားလှုပ်ရှားနေတဲ့ ဘတ်စ်ကားဂိတ်တစ်ခုလည်း ဖြစ်ပါတယ်။

Ref : BBC : New York Port Authority attack

ကောင်းထက်ငွေ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top