နာဆာမှာ သိပ္ပံပညာရှင် ဖြစ်ချင်တယ်ဆိုတဲ့ နိုင်ငံကိုယ်စားပြုကလေးငယ် မေဖူးပွင့်ဇွန်

62125601_1351446335007109_1294360051883966464_n.jpg

ကြီးလာရင် ဆရာဝန် ၊ အင်ဂျင်နီယာ လုပ်မယ်ဆိုပြီး အော်ဟစ်ကြွေးကြော်နေတဲ့ မြန်မာကလေးငယ်တွေကြားမှာ နာဆာမှာ သိပ္ပံပညာရှင် ဖြစ်ချင်သူတော့ ပေါ်ထွက်လာခဲ့ပါပြီ။ သူကတော့ ရန်ကုန်မြို့ STEM Robotics Education Center က တည်ထောင်သူ ဦးကျော်စွာညိုဦးနဲ့ ဒေါ်နီနီထိုက် တို့ရဲ့ သမီးလေး မေဖူးပွင့်ဇွန် ဖြစ်ပါတယ်။

ဧပြီလ (၂၉ ) ရက်နေ့က အမေရိကန်နိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ VEX Robotics World Championship 2019 ပြိုင်ပွဲမှာ နိုင်ငံကိုယ်စားပြုအနေနဲ့ တစ်ဦးတည်း အသင်းတစ်သင်းထွက်ပြီး ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ အသက် (၈) နှစ်သာ ရှိသေးပေမဲ့ ကမ္ဘာအရပ်ရပ်က ကလေးတွေကြားမှာ မြန်မာဆိုတာကို အကောင်းဆုံး ချပြနိုင်ခဲ့ပါတယ်။ ပြိုင်ပွဲပြီးချိန်မှာတော့ ဒိုင်လူကြီးတွေက ချီးမြှင့်တဲ့ Judges’s Award ကို My First Comets Team (41385N) အနေနဲ့ ရရှိခဲ့ပါတယ်။

မေဖူးပွင့်ဇွန်ရဲ့ အိမ်မက်ကတော့ ကြီးလာရင် နာဆာမှာ သိပ္ပံပညာရှင် ဖြစ်ချင်တာပါ။ ပြိုင်ပွဲတိုင်းမှာ သတ္တိရှိရှိနဲ့ အကောင်းဆုံးယှဉ်ပြိုင်ပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်တဲ့ မေဖူးပွင့်ဇွန်လို ကလေးမျိုးများများပေါ်ထွန်းနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

Ref: Daw Ni Ni Htike’s facebook
Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top