Stealth Jet များကို ထောက်လှမ်းနိုင်တဲ့နည်းပညာအား တရုတ်မှပိုင်ဆိုင်နေပြီဖြစ်

5adf59aa392bc.jpg

တရုတ်သိပ္ပံပညာရှင်များဟာ သူလျှိုလေယာဉ်များဖြစ်တဲ့ stealth jet များကို ထောက်လှမ်းနိုင်တဲ့ရေဒါစနစ်ကို ပိုင်ဆိုင်နေပြီဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် အမေရိကန်လေတပ်ရဲ့ အားထားရတဲ့ stealth jet များဖြစ်တဲ့ F-22 နဲ့ F-35 တိုက်လေယာဉ်များအတွက် သတင်းဆိုးပဲဖြစ်ပါတယ်။

အမေရိကန်လေတပ်ရဲ့ အားထားရတဲ့ stealth jet များဖြစ်တဲ့ F-22 နဲ့ F-35 တိုက်လေယာဉ်များအတွက် သတင်းဆိုးပဲဖြစ်ပါတယ်

Stealth လေယာဉ်များဆိုတာကတော့ သမရိုးကျရေဒါစနစ်များက မထောက်လှမ်းနိုင်အောင် ဒီဇိုင်းပြုလုပ်ထားတဲ့လေယာဉ်များဖြစ်ပြီး ရှည်လျားတဲ့လှိုင်းအလျားများပိုင်ဆိုင်တဲ့ရေဒါများကတော့ ထောက်လှမ်းနိုင်မှာဖြစ်တယ်လို့ National Interest မှာ ဖော်ပြခဲ့ပါတယ်။ အခု တရုတ်ဟာ ဒီလိုရှည်လျားတဲ့ လှိုင်းများနဲ့ ရေဒါများကို အုပ်စုလိုက်ကွန်ယက်တစ်ခုအဖြစ်တည်ဆောက်သွားမှာဖြစ်ပြီး သူတို့ရဲ့ စနစ်ဟာ အလွန်သိပ်သည်းမှာဖြစ်ပြီး stealth လေယာဉ်များကို ထောက်လှမ်းအခြေခံနိုင်ရုံသာမက သူတို့ကိုလည်း anti-aircraft လက်နှက်များနဲ့ ပစ်ချနိုင်မှာဖြစ်တယ်လို့လဲ ဆိုပါတယ်။

တရုတ်မီဒီယာများရဲ့ဖော်ပြချက်အရ တရုတ်ဟာ ဒီနည်းပညာကိုပိုင်ဆိုင်သွားတဲ့အတွက် စစ်ရေးဆိုင်ရာမှာ အခြားနိုင်ငံများထက် ခြေတစ်လှမ်းသာသွားပြီလို့ ဆိုပါတယ်။ ဒီလို တစ်မီတာလှိုင်းလေယာဉ်များကို ထောက်လှမ်းနိုင်တဲ့ air defense ရေဒါများကို အခြားနိုင်ငံများမှာမတွေ့ဖူးသေးဘူးလို့ ဒီရေဒါစနစ်ကို အကောင်အထည်ဖော်ခဲ့ရာမှာပါဝင်ခဲ့တဲ့ သိပ္ပံပညာရှင် Wu Jianqi က Global Times ကို ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ရုရှားဟာလည်း အခုလိုစနစ်မျိုးကိုပိုင်ဆိုင်ပြီးသားဖြစ်ပြီး အမေရိကန်ကတော့မရှိသေးဘူးလို့ National Interest မှာ ဖော်ပြထားပါသေးတယ်။

အခုချိန်အထိတော့ stealth လေယာဉ်များကို ဒီနည်းပညာနဲ့ လက်တွေ့ထောက်လှမ်းခြင်း မလုပ်ရသေးတာကြောင့် ဒီနည်းပညာဟာ ဘယ်လောက်အထိ effective ဖြစ်မလဲဆိုတာ ပြောဖို့ခက်နေပါသေးတယ်။

Stealth လေယာဉ်များဆိုတာကတော့ သမရိုးကျရေဒါစနစ်များက မထောက်လှမ်းနိုင်အောင် ဒီဇိုင်းပြုလုပ်ထားတဲ့လေယာဉ်များဖြစ်ပြီး ရှည်လျားတဲ့လှိုင်းအလျားများပိုင်ဆိုင်တဲ့ရေဒါများကတော့ ထောက်လှမ်းနိုင်

တရုတ်ရဲ့ ဒီ ရေဒါစနစ်ဟာ stealth လေယာဉ်များရဲ့ အားသာချက်များကို လုံးဝ အသုံးမဝင်စေတော့မှာဖြစ်ပြီး အချို့သိပ္ပံပညာရှင်များကလဲ ဒီရေဒါကွန်ယက်ကြီးဟာ ထင်သလောက်အလုပ်မဖြစ်နိုင်ဘူးလို့ ထင်ကြေးပေးထားပါသေးတယ်။ ဒါကြောင့် အမေရိကန်နဲ့ အခြားစစ်အင်အားကြီးနိုင်ငံများက ဘယ်လိုတုန့်ပြန်မလဲဆိုတာက စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဒီသတင်းကို Curiosity မှာ ဖော်ပြထားတာဖြစ်ပါတယ်။

Ref: Curiosity
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top