Viber က ကိုယ်ရေးကိုယ်တာအချက်အလက်တွေ ပိုမိုကာကွယ်ပေးရန် အလိုအလျောက် မက်ဆေ့ချ်ပျောက်ကွယ်တဲ့ လုပ်ဆောင်ချက်ကိုထည့်သွင်

Viber_Disappearing-Messages.jpg

ကမ္ဘာ့ထိပ်တန်း App တစ်ခုဖြစ်တဲ့ Rakuten Viber က မက်ဆေ့ချ်များ အလိုအလျောက်ပျောက်ကွယ်အောင် ပြုလုပ်နိုင်မယ့် လုပ်ဆောင်ချက်ကို Viberရဲ့စာတိုပေးပို့မှု လုပ်ဆောင်ချက်တိုင်းတွင် အသုံးပြုနိုင်တော့မယ် ဖြစ်ကြောင်း သတင်းထုတ်ပြန် ကြေညာခဲ့ပါတယ်။ အရင်က လျှို့ဝှက် စာတိုပေးပို့မှု (Secret Chat) တွင်သာ ရရှိခဲ့တဲ့ အဲဒီလုပ်ဆောင်ချက်ကို မကြာမီအချိန်အတွင်း အသုံးပြုသူများအနေဖြင့် မိမိသတ်မှတ်လိုသော အချိန် (နာရီ၊ မိနစ်၊ စက္ကန့် သို့မဟုတ် နေ့ရက်) ကိုသတ်မှတ်ပြီး စာသား၊ ဓါတ်ပုံ၊ ဗွီဒီယို နှင့် အခြားသောဖိုင်များအားလုံး ပေးပို့ရာမှာ အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။ အဲဒီလိုသတ်မှတ်လိုက်ခြင်းဖြင့် ပေးပို့ထားတဲ့ အကြောင်းအရာများကို စာလက်ခံသူ ကြည့်ရှုပြီး သတ်မှတ်ထားသည့်အချိန် ကျော်လွန်သွားသည့်နှင့် တပြိုင်နက် Viber က အလိုအလျောက် ဖျက်ပေးသွားမည်ဖြစ်ပါတယ်။ တစ်ဦးချင်း စာတိုပေးပို့ရာမှာ မက်ဆေ့ချ်များ အလိုအလျောက် ပျောက်ကွယ်သွားအောင် ပြုလုပ်မယ့် လုပ်ဆောင်ချက်က Viber ကို ကမ္ဘာပေါ်မှာ လုံခြုံစိတ်ချရဆုံး စာတိုပေးပို့တဲ့ app တစ်ခုအဖြစ် ရပ်တည်မှု ပိုမိုခိုင်မာစေမှာဖြစ်ပါတယ်။

အလိုအလျောက် ပျောက်ကွယ်နိုင်သော မက်ဆေ့ချ် လုပ်ဆောင်ချက်ကို အသုံးပြုနိုင်ရန် အတွက်

● Chat Box အောက်ခြေရှိ နာရီပုံစံအိုင်ကွန်ကို နှိပ်ပြီး မက်ဆေ့ချ်ပျောက်ကွယ်စေလိုတဲ့ အချိန်ကို ရွေးချယ်ရမည်

● စာလက်ခံမယ့်သူထံ မက်ဆေ့ချ်ရိုက်နှိပ်ပြီး ပေးပို့ရမှာဖြစ်သည်

ပြီးခဲ့တဲ့ နှစ်များအတွင်း Viber က သုံးစွဲသူများရဲ့ကိုယ်ရေးကိုယ်တာ အချက်အလက်များ လုံခြုံစိတ်ချရမှုရှိစေရန် ဆိုတဲ့ ရည်သန်ချက်ကို သက်သေပြနိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ Viberကို လုံခြုံစိတ်ချရမှုနှင့် ကိုယ်ရေးကိုယ်တာအချက်အလက်များ ဘေးကင်းလုံခြုံမှုတို့ကြောင့် ကိုယ်ရေးကိုယ်တာအတွက်သာမက အလုပ်ကိစ္စများအတွက်ပါ ကျယ်ပြန့်စွာ အသုံးပြုနေလျက် ရှိသည်။ စာတိုပေးပို့မှု app များအကြား ပထမဦးဆုံး ဆိုတဲ့ ဂုဏ်ပုဒ်များကို ရရှိထားတဲ့ Viber က၂၀၁၅ တွင် “မက်ဆေ့ချ်ဖျက်ခြင်း” လုပ်ဆောင်ချက်ကိုလည်းကောင်း၊ ၂၀၁၆ တွင် ဖုန်းမှပေးပို့သည့်အချိန်မှစ၍ လက်ခံသူထံရောက်ရှိသည့်အချိန်အထိ ဝှက်စာစနစ် (encrypt) ပြုလုပ်ပေးနိင်မည့် end-to-end encryption လုပ်ဆောင်ချက်လည်းကောင်း၊ ၂၀၁၇ တွင် “လျှို့ဝှက်စာတိုပေးပို့မှု (hidden and secret chats) လုပ်ဆောင်ချက်များအား အသီးသီးထုတ်ပြန်ခဲ့ပါတယ်။ ကိုယ်ရေးကိုယ်တာ လုံခြုံစိတ်ချရမှုအတွက် ဆက်လက်လုပ်ဆောင်ခြင်းအားဖြင့် Viber က ပုံမှန်စာပို့ခြင်းများအတွက် “မက်ဆေ့ချ်များ အလိုအလျောက်ပျောက်ကွယ်ခြင်း” လုပ်ဆောင်ချက်ကို ဖန်းတီးသွားမှာဖြစ်ကြောင်း ကြေညာသွားခဲ့ပါတယ်။ မြန်မာနိုင်ငံက Viber အသုံးပြုသူများအတွက် အဲဒီ တီထွင်ဆန်းသစ်သော လုပ်ဆောင်ချက်က ပိုမိုပြင်းထန်လာသော ပြိုင်ဆိုင်မှုများတွင် အရေးပါသော လုပ်ဆောင်ချက်တစ်ခု ဖြစ်လာမှာဖြစ်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top