ထိုင်းနိုင်ငံက ဈေးဝယ်စင်တာကြီးတစ်ခုမှာ မီးလောင်လို့ အနည်းဆုံး လူ (၂) ဦး သေဆုံး

mall1.jpg

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ဈေးဝယ်စင်တာကြီးတစ်ခုမှာ မီးလောင်ကျွမ်းခဲ့လို့ အနည်းဆုံး လူနှစ်ဦး သေဆုံးခဲ့ပါတယ်။ ဧပြီလ (၁၀) ရက်နေ့ ဒေသစံတော်ချိန် ညနေ (၅) နာရီ (၄၀) မိနစ်အချိန်က ဈေးဝယ်စင်တာရဲ့ (၈)လွှာကနေ မီးစတင်လောင်ကျွမ်းခဲ့တာလို့ သတင်းတွေမှာ ဖော်ပြပါတယ်။

အခုအချိန်မှာတော့ မီးထိန်းနိုင်ခဲ့ပါပြီ။ သေဆုံးခဲ့သူတွေထဲမှာ တစ်ဦးကတော့ အဆောက်အအုံပေါ်ကနေ ပြုတ်ကျခဲ့တာလို့ ဒေသခံမီဒီယာတွေနဲ့ မျက်မြင်သက်သေတွေက ပြောပါတယ်။ လူမှုကွန်ရက်ပေါ်က ရုပ်သံမှတ်တမ်းတွေအရတော့ ဈေးဝယ်စင်တာကနေ လူရာပေါင်းများစွာကို ရွှေ့ပြောင်းပေးခဲ့ရတာ တွေ့ရပါတယ်။ ဒီဖြစ်ရပ်မှာ အနည်းဆုံး လူ (၁၇)ဦး ဒဏ်ရာရခဲ့တယ်လို့ ဧရာဝဏ်အရေးပေါ် ကျန်းမာရေးစင်တာက ပြောပါတယ်။ မီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။

Ref:BBC
Nz(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top