ညစ်ပတ်တဲ့ဝိုင်အရက်တွေကို သောက်သုံးမိလို့ လူ ၁၃ ဦးသေဆုံးကာ ၂၀၀ ကျော် ဆေးရုံရောက်

rice-wine-cambodia-640x480.jpg

ကမ္ဘောဒီးယားနိုင်ငံက ကျေးရွာတွေမှာ အရည်သွေးကောင်းမွန်မှုမရှိတဲ့ ညစ်ပတ်တဲ့ ဝိုင်အရက်ကိုသောက်သုံးခဲ့မိတာကြောင့် ၁၃ ဦးသေဆုံးပြီး လူပေါင်း ၂၀၀ကျော်ကို ဆေးရုံတင်ပို့ခဲ့ရတယ်လို့သိရပါတယ်။

ကမ္ဘောဒီးယားနိုင်ငံ ကာရာတီဒေသရှိ ကျေးရွာနှစ်ရွာက ရွာသားတွေဟာ အရည်သွေးကောင်းမွန်မှု မရှိတဲ့ အရက်ဝိုင်နဲ့ ရေတွေကို သောက်သုံးခဲ့တယ်လို့ သိရပါတယ်။ ကာရာတီဒေသ ကျန်းမာရေးဌာန မှညွန်ကြားရေးမှုး ချဟီအာဆိုဗာသာက သေဆုံးအရေအတွက်ဟာ ၁၃ ဦးအထိ မြင့်တက်လာတယ်လို့ ပြောခဲ့ပါတယ်။

အရည်သွေးကောင်းမွန်မှုမရှိတဲ့ ဝိုင်အရက်တွေကို သောက်သုံးခဲ့တဲ့ ရွာသားတွေဟာ ရင်ဘတ်နာကျင်တာ၊ ခန္ဓာကိုယ် အနီစက်တွေဖြစ်လာတာ၊ ခေါင်းမူးတာ၊ အပြင် ဝမ်းဗိုက်နာကျင်မှုတွေ ဆက်လက်ခံစားနေရတယ်လို့ သိရပါတယ်။ အသက် ၂၄ နှစ် နဲ့ ၇၃ နှစ်ကြားရှိအရွယ်တွေ ခံစားနေရတာဖြစ်ပြီး အော့အန်မှုနဲ့ မောပန်းမှုတွေလည်း တွေကြုံခံစားရနေတယ်လို့ သိရပါတယ်။

ကမ္ဘောဒီးယား ကျန်းမာရေး တာဝန်ရှိသူတွေဟာ ဆန်နဲ့ ပြုလုပ်တဲ့ဝိုင်အရက် နမူနာနဲ့ ညစ်ပတ်တဲ့ရေတွေတွေကို စစ်ဆေးကြည့်ချိန်မှာ ဝိုင်အရက်မှာ အစာအဆိပ်ကို ဖြစ်ပွားစေတဲ့ မက်သနောဓါတ်ငွေ့ရည် ပါဝင်မှုနှုန်း မြင့်တက်လာစေခဲ့တယ်လို့ ပြောပါတယ်။ ကမ္ဘောဒီးယားအာဏာပိုင်တွေဟာ ဒေသအတွင်းထုတ်လုပ်တဲ့ ဆန်နဲ့ပြုတဲ့ ဝိုင်အရက်တွေ ရောင်းချတာကို ဖြိုခွင်းမှုလုပ်ခဲ့သလို ရွာသားတွေကို တူမြောင်းက ညစ်ပတ်တဲ့ရေတွေကို အသုံးပြုတာကိုလည်း ပိတ်ပင်မှုတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

ကမ္ဘောဒီးယား ကျန်းမာရေးဝန်ကြီးက သန်းရှင်းမှုမရှိတဲ့ ဝိုင်အရက်တွေ နဲ့ ကောင်းမွန်တဲ့နည်းစနစ်နဲ့ ထုတ်လုပ်မှုမရှိတဲ့ ဝိုင်အရက်တွေကို မသောက်သုံးဖို့ ပြည်သူတွေကို တိုက်တွန်းပါတယ်လို့ ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလအတွင်းကလည်း အင်ဒိုနီးရှားနိုင်ငံမှာ အရက်ပုန်းတွေကို သောက်သုံးမှုတွေကြောင့် လူသေဆုံးမှုတွေ ဖြစ်ခဲ့ရဖူးတယ်လို့ သိရပါတယ်။

Ref UPI Tainted wine kills 13, hospitalizes 200 in Cambodia

Kaung Htet Ngwe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top