နယူးယောက်ခ်မြို့မှာ လမ်းလျှောက်ရင်းဖုန်းသုံးတဲ့သူတွေကိုဒဏ်ငွေရိုက်မဲ့ဥပဒေ ပြဌာန်းဖို့ပြင်ဆင်နေ

safe_image.jpg

အမေရိကန်နိုင်ငံ၊ နယူးယောက်ခ်မြို့မှာတော့ လမ်းကူးစဉ် အီလက်ထရောနစ်ပစ္စည်းတွေ အသုံးပြုတာမျိုးကို တားမြစ်လိုက်ပြီဖြစ်ပြီး နယူးယောက်ခ်မြို့ရဲ့လမ်းမတွေပေါ်မှာ လမ်းလျှောက်ရင်း အီလက်ထရောနစ်ပစ္စည်းသုံးစွဲတဲ့သူတွေကို ဒေါ်လာ (၂၅၀) ဒဏ်ရိုက်မယ့်ဥပဒေကြမ်းတစ်ရပ်ကို ဥပဒေပြုရေးလွှတ်တော်မှာ တင်သွင်းနေပြီလို့ သိရပါတယ်။

အဲဒီအီလက်ထရောနစ်ပစ္စည်းတွေမှာ မိုဘိုင်းဖုန်း၊ လက်တော့ပ်၊ ဂိမ်းစက်တွေ ပါဝင်သလို ဖုန်းနဲ့ စာရေးတာ၊ စာပို့တာ၊ စာဖတ်တာ၊ ဂိမ်းဆော့တာတွေမလုပ်ဖို့ တားမြစ်လိုက်တာဖြစ်ပါတယ်။ လမ်းလျှောက်ရင်းဖုန်းသုံးနေတာကိုတွေ့ရှိခဲ့ရင်တော့ အရင်ဆုံး ဒေါ်လာ (၂၅) ကနေ ဒေါ်လာ (၅၀) အထိ ဒဏ်ရိုက်ခံရမှာပါ။ ပထမအကြိမ်ဒဏ်ရိုက်ခံရဖူးတဲ့သူတွေက ဒုတိယအကြိမ်မှာ ဒေါ်လာ (၅၀) ကနေ ဒေါ်လာ (၁၀၀) အထိ ဒဏ်ရိုက်ခံရမှာဖြစ်သလို တတိယအကြိမ်မှာတော့ ဒေါ်လာ (၅၀) ကနေ ဒေါ်လာ (၂၅၀) အထိ ဒဏ်ရိုက်ခံရမှာဖြစ်ပါတယ်။

လမ်းလျှောက်ရင်းဖုန်းသုံးတဲ့သူတွေအတွက် အထိနာစေတဲ့ပြဌာန်းချက်တစ်ခုဖြစ်ပေမဲ့ ဒီလိုပြဌာန်းလိုက်တာဟာ လမ်းမှာသွားလာနေကြတဲ့ ပြည်သူတွေအတွက်ကော ကားမောင်းသမားတွေအတွက်ပါ အန္တရာယ်ကင်းသွားစေပါတယ်။

၂၀၁၇ ခုနှစ်အတွင်း နယူးယောက်ခ်မြို့ထဲမှာ လမ်းဖြတ်ကူးရင်း၊ လမ်းလျှောက်ရင်း ယာဉ်တိုက်ခံရလို့ သေဆုံးရသူ (၅၉၈၄) ဦးနီးပါး နဲ့ ပြင်းပြင်းထန်ထန်ထိခိုက်ဒဏ်ရာရရှိခဲ့သူ (၇၄၅၀) ဦး ရှိခဲ့တယ်လို့ Grovernors Highway Safety Associationက ဆိုထားပါတယ်။

Ref: Dailymail “New York State Senate introduces bill to make texting while walking illegal and will issue $250 fines to anyone caught”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top