ကိုယ်အလေးချိန်ကျအောင် ကူညီပေးနိုင်တဲ့ ကန်စွန်းဥ

yyl-036-5.jpg

ကန်စွန်းဥကို လူတိုင်း မကြိုက်လောက်ဘူးထင်ပါတယ်။ ဒါပေမဲ့ ကန်စွန်းဥက ဗီတာမင်ဓာတ်အပြင် ကျွန်တော်တို့ ကျန်းမာရေးအတွက် ကောင်းတဲ့သတ္တုဓာတ်တွေ ပြည့်ဝစွာပါဝင်ပါတယ်။ အားကစားသမားတွေရဲ့အကြိုက်ဆုံးအစားအစာလို့တောင်ပြောလို့ရပါတယ်။ ဒါပေမဲ့ ကန်စွန်းဥက ကယ်လိုရီပမာဏ များတဲ့အတွက် ဝစေနိုင်တဲ့ အစားအစာလို့ ထင်နေကြပါတယ်။ တကယ်တော့ ဒါ မမှန်ပါဘူး။ ကန်စွန်းဥက ရိုးရိုးအာလူးတွေယှဉ်ရင် ကျန်းမာရေးနဲ့ညီညွှတ်ပြီး ကိုယ်အလေးချိန်ကျအောင် ကူညီပေးနိုင်တဲ့အစားအစာအဖြစ်လည်း သက်သပြချက်တွေရှိပါတယ်။

အမျှင်ဓာတ်ပါဝင်မှုမြင့်မား

ကန်စွန်းဥက ကိုယ်အလေးချိန်ကျအောင် ကူညီပေးနိုင်တဲ့ အမျှင်ဓာတ်ပါဝင်မှုမြင့်မားပါတယ်။ ကန်စွန်းဥစားထားတာနဲ့ သင့်ကို အချိန်အကြာကြီး ဗိုက်ပြည့်နေသလိုခံစားရစေတဲ့အတွက် အစားခဏခဏမစားအောင် ကူညီပေးနိုင်ပါတယ်။ အမျှင်ဓာတ်ကြွယ်ဝတဲ့ကန်စွန်းဥကို စားသုံးတာက ဇီဝဖြစ်စဉ်တွေ၊ အစောခြေစနစ်တွေကို ကောင်းမွန်စေသလို ကိုယ်အလေးချိန်ကျအောင်လည်း ကူညီပေးနိုင်ပါတယ်။

ကာဗွန်ဟိုက်ဒရိုတ် ကြွယ်ဝစွာပါဝင်

ကိုယ်အလေးချိန်ကျအောင် ကြိုးစားနေတဲ့သူတွေလည်း ကာဗွန်ဟိုက်ဒရိုတ်ကို လုံးဝလျစ်လျူရှုထားလို့မရပါဘူး။ ကာဗွန်ဟိုက်ဒရိုတ်က အမျိုးမျိုးသောလုပ်ဆောင်ချက်အတွက် သင့်ကို စွမ်းအင်ထောက်ပံ့ပေးထားပါတယ်။ သင့်ခန္ဓာကိုယ်က ကာဗွန်ဟိုက်ဒရိုတ်လုံလောက်စွာမရဘူးဆိုရင် ကိုယ့်ကိုယ်ကိုယ် တက်ကြွနေစေဖို့၊ ကျန်းမာနေစေဖို့ ခွန်အားရှိမှာမဟုတ်ပါဘူး။

ရေဓာတ်ပါဝင်မှုများ

ရေဓာတ်ကုန်ခန်းတာက သင့်ရဲ့ဇီဝဖြစ်စဉ်ကို နှေးသွားစေနိုင်ပါတယ်။ ကန်စွန်းဥကို စားပေးတာက သင့်ခန္ဓာကိုယ်ဆဲလ်တွေကို ပြန်လည်ရေဓာတ်ပြည့်လာစေပြီး ဇီဝဖြစ်စဉ်အားကောင်းစေပါတယ်။ ရေဓာတ်ပြည့်ဝနေမှ PH ပမာဏညီမျှအောင် သင့်ခန္ဓာကိုယ်ကို ကာကွယ်ပေးမှာဖြစ်ပြီး အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားတဲ့နေရာမှာ အကူအညီဖြစ်ပါတယ်။

အန်တီအောက်စီဒန့် (Antioxidants) ကြွယ်ဝ

ကန်စွန်းဥက အန်တီအောက်စီဒန့်များစွာပါဝင်တဲ့အတွက် ကိုယ်အလေးချိန်မတက်အောင်လည်း သင့်ခန္ဓာကိုယ်ကို ကာကွယ်ပေးနိုင်ပါတယ်။

Ref: Ways sweet potatoes can help you lose weight

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top