တတိယပတ်အထိ Box Officeရဲ့ထိပ်ဆုံးမှာ ရောက်ရှိနေတဲ့ Shang Chi ရုပ်ရှင်ကား

21-9-2021-yyl1.png

Marvel ရဲ့ ပထမဆုံးအာရှစူပါဟီးရိုးဇာတ်ကားဖြစ်တဲ့ “Shang Chi and the Legend of the Ten Rings” ကို စက်တင်ဘာ ၃ ရက်နေ့ကစပြီး ရုံတင်ပြသခဲ့ပါတယ်။ ကပ်ရောဂါစတင်ဖြစ်ပွားကတည်းကဆိုရင် ဇာတ်ကားတွေကို ရုံတင်မပြသရတာလည်း ကြာလှပါပြီ။ အခုဆို ဒီဇာတ်ကားက ရုပ်ရှင်ရုံတွေပြန်ဖွင့်ပြီး ပြသခဲ့တဲ့ ပထမ Marvel ဇာတ်ကားလို့ ဆိုရမှာပါပဲ။ Shang Chi ဇာတ်ကားက တတိယပတ်အထိ Box Office ရဲ့ထိပ်ဆုံးမှာရပ်တည်နေတဲ့ ဇာတ်ကားဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိ ရုပ်ရှင်ရုံကို လာကြည့်တဲ့သူတွေက ကပ်ရောဂါမဖြစ်ပွားခင်ကလောက် မများသလို ရုပ်ရှင်ရုံကို လာကြည့်ဖို့ ဝန်လေးနေတဲ့သူတွေလည်း ရှိနေသေးတယ်လို့ သိရပါတယ်။

ဒက်စတင် ဒန်နီရယ် ခရက်တန် (Destinn Daniel Cretton) ရိုက်ကူးတဲ့ Shang Chi ဇာတ်ကားဟာ တစ်ပတ်ကျော် လက်မှတ်ရောင်းချမှုမှာ ခန့်မှန်းခြေ ၂၁. ၇ သန်း ရခဲ့တယ်လို့ The Walt Disney က ဆိုပါတယ်။ ကပ်ရောဂါအတွင်းမှာ The Walt Disney ကုမ္ပဏီရဲ့ဇာတ်ကားတွေက ရုပ်ရှင်ရုံတွေမှာ ပိုကောင်းနေပါတယ်။ Shang Chi ဇာတ်ကားက တတိယပတ်မှာ ၃၇ ရာခိုင်နှုန်းလောက် ကျသွားပေမယ့် တတိယပတ်အထိ ကောင်းကောင်းရပ်တည်နေတဲ့ ဇာတ်ကားပါပဲ။

“Shang Chi and the Legend of the Ten Rings” ဇာတ်ကားဟာ ကမ္ဘာ့တစ်ဝှမ်းမှာ ဝင်ငွေ ဒေါ်လာ ၃၂၀. ၆ သန်း ဝင်ခဲ့ပါတယ်။ ဒါပေမဲ့ အခက်အခဲအနည်းငယ်တော့ရှိခဲ့ပါတယ်။ အဲဒါကတော့ တရုတ်နိုင်ငံမှာ ဖြန့်ချိဖို့ ခွင့်ပြုချက်မရခဲ့သလို ရုံတင်ပြသခွင့်လည်း မရခဲ့တာပါပဲ။

“Shang Chi” ဇာတ်ကားကို ရုပ်ရှင်ရုံတွေမှာ ပြသနေရင်းနဲ့ Warner Bros က “Cry Macho” ဇာတ်ကားကိုလည်း ရုပ်ရှင်ရုံတွေနဲ့ HBO Max တွေမှာ ပြသခဲ့ပါသေးတယ်။

Ref: ABCNews “‘Shang-Chi’ tops box office for 3rd straight weekend”


WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top