အာရှအားကစားပြိုင်ပွဲမှာ နိုင်ငံကိုယ်စားပြုရေကူးသမားအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ထိုင်းမင်းသား

3.10.23-yyl-1.jpg

အသက် ၂၂ နှစ်အရွယ် ထိုင်းမင်းသားလည်းဖြစ်၊ ရေကူးသမားလည်းဖြစ်တဲ့ Est Supha Sangaworawong က ဟန်ကျိုးမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ၁၉ ကြိမ်မြောက်အာရှအားကစားပြိုင်ပွဲမှာ ထိုင်းလက်ရွေးစင်အသင်းမှ အမျိုးသားရေကူးကစားသမားအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

ရေကူးပြိုင်ပွဲတွေဟာ စက်တင်ဘာ ၂၉ ရက်နေ့က ပြီးဆုံးခဲ့ပါတယ်။ Est က ပြိုင်ပွဲမှာ ဆုမရခဲ့ပေမဲ့ သူ့ရဲ့ကြည်ကောင်းတဲ့ရုပ်ရည်နဲ့ ကိုယ်လုံးကိုယ်ထည်ကြောင့် လူမှုကွန်ယက်အသုံးပြုသူတွေရဲ့အာရုံစိုက်တာကိုတော့ ခံခဲ့ရပါတယ်။

Est က ၂၀၂၀ ခုနှစ်ရဲ့ BL ဒရာမာ Love by Chance 2: A Chance of Love မှာ သရုပ်ဆောင်အဖြစ် ပွဲဦးထွက်ခဲ့တာပါ။ အဲဒီကတည်းက သူဟာ ထိုင်းနိုင်ငံရဲ့နာမည်ကြီးအေဂျင်စီ GMMTV နဲ့စာချုပ်ချုပ်ဆိုခဲ့တာပါ။ အခုနှစ်ထဲမှာလည်း Naughty Babe နဲ့ Get Rich ဒရာမာဇာတ်လမ်းတွဲနှစ်ခုမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။

Ref: Popular Thai BL actor Est Supha Sangaworawong represents country at Asian Games

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top