ကင်ဆာဖြစ်စေတဲ့ ပစ္စည်းတွေ ပါဝင်နေတဲ့ နေ့စဉ်သုံး ပစ္စည်း (၁၀) မျိုး

doctor-with-pink-awareness-ribbon-and-patient-PWH8WBH.jpg

ဆေးဝါးကျွမ်းကျင်ပညာရှင်တွေက ကင်ဆာဖြစ်စေတဲ့ အကြောင်းရင်းနဲ့ ကုထုံးတွေကို ရှာဖွေနေတဲ့ အချိန်မှာ ကျွန်တော်တို့နေ့စဉ် အသုံးပြုနေတဲ့ ဘယ်လိုပစ္စည်းတွေမှာ ကင်ဆာဖြစ်စေနိုင်တဲ့ ပါဝင်ပစ္စည်းတွေပါလည်း သိထားဖို့ လိုပါတယ်။

ဒါကြောင့် ဈေးဝယ်မယ်ဆိုရင် ကင်ဆာဖြစ်စေတတ်တဲ့ ပစ္စည်း ပါဝင်မှု ရှိ၊ မရှိ စစ်ဆေးပြီးမှ ဝယ်သင့်ပါတယ်။ ဘယ်လို ပစ္စည်းတွေလည်း ကြည့်ရအောင်…

ကိုယ်လိမ်းပေါင်ဒါ

ကိုယ်လိမ်းပေါင်ဒါ အချို့မှာ ပါဝင်တဲ့ ကားစီနိုဂျဲနစ် ( carcinogenic) က သားအိမ်ခေါင်းကင်ဆာနဲ့ အဆုတ်ကင်ဆာ ဖြစ်စေတဲ့ အဓိက တရားခံပါ။ ဒါကြောင့် ကိုယ်လိမ်းပေါင်ဒါ ဝယ်တဲ့အခါ ပါဝင်ပစ္စည်း အညွှန်းကို သေချာဖတ်ပါ။

အစွန်းချွတ်ဆေး

အစွန်းချွတ်ဆေးတွေမှာ အန္တရာယ်များတဲ့ ခရစ္စတယ်လိုင်း စီလီကာ (crystalline silica) ပါဝင်ပါတယ်။ ဒါကြောင့် ၁၉၉၃ နှစ်ကတည်းက အစွန်းချွတ်ဆေး ထုတ်လုပ်သူတွေက သူတို့ ပစ္စည်းတွေမှာ စီလီကာ ပါဝင်မှု လျှော့ဖို့ ကတိပေးခဲ့ပါတယ်။

ပေါင်းသတ်ဆေး

ကင်ဆာဖြစ်စေတဲ့ ပါဝင်ပစ္စည်းတွေကို ပေါင်းသတ်ဆေး အချို့မှာ တွေ့ရပါတယ်။ ဒိုင်ကလိုရို ဖီနိုဆာဆီတိတ် (dichlorophenoxyacetate) ဒြပ်ပေါင်းက အကျိတ်ရောဂါ ဖြစ်စေပါတယ်။

Foundation မိတ်ကပ်

အချို့သော foundation မိတ်ကပ်တွေမှာ BHA လိုမျိုး အဆိပ်အတောက်များတဲ့ ကာစီနိုဂျင် တွေပါဝင်ပါတယ်။

သွားတိုက်ဆေး

သွားတိုက်ဆေးအချို့မှာတွေ့ရတဲ့ FD & C Blue နဲ့ ဆက်ဟရင် (saccharin) တို့က အန္တရာယ်ဖြစ်စေပါတယ်။ ဒါကြောင့် သွားတိုက်ဆေးဝယ်တဲ့ အခါ အညွှန်းသေချာဖတ်ပြီးဝယ်ပါ။

ဆံပင်ပျော့ဆေး

ဆံပင်ပျော့ဆေး ဝယ်တဲ့အခါ ဖော်မယ်ဒီဟိုက်ဒီ (formaldehyde) နဲ့ FD&C RED ပါဝင်လား ဆိုတာ သေချာစစ်ဆေးပါ။ ဒါမှ ကင်ဆာရောဂါဖြစ်နိုင်ချေကို ကာကွယ်နိုင်မှာပါ။

ခွေးလည်ပတ်

တချို့က ခွေးသန်းတွေ သေစေတဲ့ ခွေးလည်ပတ်ကို အိမ်မွေးခွေးလေးတွေလည်ပင်းမှာ တပ်ပေးထားပါတယ်။ ဒါကြောင့် ခွေးလည်ပတ်ဝယ်တဲ့အခါ ပရိုပိုဇာ (propoxur) ပါဝင်တာက ကင်ဆာကို ဖြစ်စေနိုင်ပါတယ်။

ပိုးမွှားကာကွယ်ဆေး

ပိုးမွှားကာကွယ်ဆေးအချို့မှာ အော်သိုဖီနိုင်းဖီနော် (orthophenylphenol) ပါရှိတာကြောင့် ကင်ဆာ ဖြစ်စေပါတယ်။

ပြည့်ဝနွားနို့

ကုန်တိုက်က နွားနို့ဗူး ဝယ်တဲ့အခါ အဆိပ်အတောက် ပါဝင်ပစ္စည်းတွေဖြစ်တဲ့ DDT, ဒိုင်ရယ်ဒရင်း (dieldrin) နဲ့ ဟက်ဇာကလိုရို ဗန်ဇိုင်း တို့ မပါဝင်တာကိုပဲ ဝယ်ဖို့ သတိပြုပါ။

ဆံပင်ဆိုးဆေး

ကွာတာနီယမ် ၁၅ (quaternium- 15) နဲ့ ဒိုင်သနိုလမင်း (diethanolamine) ပါဝင်ပစ္စည်းတွေ ပါဝင်တဲ့ ဆံပင်ဆိုးဆေးတွေက ကင်ဆာဖြစ်စေနိုင်လို့ သေချာ အညွှန်းကြည့်ပြီးမှ ဝယ်ပါ။

ရိုးရာလေးပရိသတ်ကြီးရေ… ဒီလို အန္တရာယ်ဖြစ်စေတဲ့ ပါဝင်ပစ္စည်းတွေက အမြဲတမ်းတော့ ဗူးပေါ်မှာ ရေးထားလေ့ မရှိပါဘူး။ ဒါကြောင့် ဘယ်ပစ္စည်းကိုပဲ ဝယ်ဝယ် သေချာ သတိထား ရွေးဝယ်ဖို့က အဓိကကျပါတယ်နော်။

Ref: Manbee “products that contain cancer-causing ingredients in your home”

May Moe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top