ပါးဖောင်းဖောင်းလေးရအောင် ပြုလုပ်နည်း 

cropped-image-of-man-touching-cheek-of-happy-Z82VLB3.jpg

ပါးလေးဖောင်းနေတော့ မျက်နှာလေးကပြည့်ပြီး နုတဲ့ ပုံပေါက်တာပေါ့။ ငယ်ရွယ်တုန်းမှာ အရေပြားအောက်က အဆီပြင်ကြောင့် ပါးလေးဖောင်းနေပေမယ့် ကြီးလာတဲ့အခါ ပါးအောက်က အဆီတွေ မရှိတော့တဲ့အတွက် ပါးရိုးတွေကျပြီး အိုစာသွားတတ်ပါတယ်။ ဒါဆို ဘယ်လိုနည်းလမ်းနဲ့ ပါးဖောင်းအောင် လုပ်မလဲ ကြည့်ကြရအောင်

ကာဗွန်ဟိုက်ဒရိတ် ကြွယ်ဝတဲ့ အစားအစာတွေ စားပါ

ကာဗိုဟိုက်ဒရိတ် ကြွယ်ဝတဲ့ အစားအစာတွေကို ဇိမ်ခံ အစားအစာလို့တောင် တင်စားကြတယ်။ဘာလို့လဲဆိုတော့ သင့်ကို ဖောင်းကားတဲ့ အဆီပိုတွေ မပေးဘဲ တောက်ပတဲ့ အသားအရေ ပေးလို့ပါ။ ထောပတ်၊ ထမင်းနှင့် ပေါင်မုန့်တို့က ဝိတ်မတက်စေဘဲ ခန္ဓာကိုယ် အားပြည့်စေပါတယ်။ ဒါတွေ စားသုံးပေးရင်တော့ တစ်ပတ်အတွင်း ပါးလေးဖောင်းလာမှာပါ။

ပါးစုန့်လေးတွေကို လက်မနဲ့ လက်ညှိုးသုံးပြီး ဆွဲပေးပါ

တကယ်တော့ ပါးဖောင်းပြီး ချစ်ဖို့ကောင်းတဲ့ ကောင်မလေးတွေက သူငယ်ချင်းတွေ ဆွေမျိုးတွေရဲ့ ပါးခဏခဏ ဆွဲခြင်းခံရတဲ့လူတွေပါ။ ပါးလေးကို ဆွဲပေးခြင်းအားဖြင့် ပါးမို့မို့ဖောင်းဖောင်းလေး ဖြစ်လာမှာမို့ သူများ မဆွဲပေးလည်း ကိုယ့်ဖာသာကိုယ် ဆွဲပါ။

အစိုဓာတ်ရရှိအောင်နေပါ

အသားအရေ နူးညံ့ပျော့ပျောင်းပြီး ကျန်းမာ တောက်ပနေတယ်ဆိုတာ အစာအာဟာရ မျှတမှုနှင့် မှန်ကန်တဲ့ အသားအရေ ထိန်းသိမ်းနည်းကြောင့်ပါ။ သံလွင်ဆီ၊ အုန်းဆီတို့ကို ပါးပေါ် လိမ်းပေးပြီး စိုစွတ်အောင်ထားပါ။

မိတ်ကပ်လိမ်းပြီးရင် ဖျက်ဖို့မမေ့ပါနဲ့

တနေကုန် လှပနေဖို့ မနက်မိုးလင်း မိတ်ကပ်လိမ်းပြီး ထွက်သွားပေမယ့် ညမိုးချုပ်အိပ်ခါနီး မဖျက်မိဘူးဆိုရင်တော့ ဘက်တီးရီးယား ပိုးမွှား ပေါက်ရောက်ရာ နေရာ ဖြစ်သွားပါလိမ့်မယ်။ဒါကြောင့် ညဘက်အိပ်ခါနီး မိတ်ကပ်ဖျက်ဖို့ မမေ့ပါနဲ့။

ဒီအချက်လေးတွေ လိုက်နာပေးရင်တော့ ပါးဖောင်းဖောင်းလေးနဲ့ ချစ်ဖို့ကောင်းတဲ့ ကောင်မလေး ဖြစ်လာမှာပါ။

Ref: beautyhealthtips.in

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top