သြစတြေးလျနိုင်ငံမှာ မျက်လုံး (၃) လုံးပါတဲ့ မြွေတစ်ကောင်တွေ့ရှိ

59295028_2356810704349836_2683496859325956096_n.jpg

သြစတြေးလျနိုင်ငံမြောက်ပိုင်းက အဝေးပြေးလမ်းပေါ်မှာ မျက်လုံးသုံးလုံးပါတဲ့ မြွေတစ်ကောင် တွေ့ရှိခဲ့တယ်လို့ သားရဲတိရစ္ဆာန်အာဏာပိုင်အဖွဲ့က ဓာတ်ပုံနဲ့တကွ ဖော်ပြခဲ့ပါတယ်။ ဒါဟာ ကြုံတောင့်ကြုံခဲ တွေ့ရှိမှုဖြစ်တယ်လို့ မြောက်ပိုင်းနယ်မြေ အမျိုးသားဥယျာဉ်နဲ့ သားရဲတိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးဌာနက ပြောပါတယ်။

စပါးအုံးမြွေ မွန်တီလို့ ချစ်စနိုးခေါ်ကြတဲ့ အဲဒီမြွေကို ပြီးခဲ့တဲ့မတ်လက တွေ့ရှိခဲ့တာဖြစ်ပြီး သီတင်းပတ်အနည်းငယ်အကြာမှာပဲ သေဆုံးသွားခဲ့ပါတယ်။ အလျား (၁၅) လက်မရှိတဲ့ အဲဒီမြွေဟာ သူ့ရဲ့ချွတ်ယွင်းချက်ကြောင့် အစာစားဖို့ အခက်တွေ့ခဲ့ရပါတယ်။ တတိယမျက်လုံးက ဦးခေါင်းထိပ်တည့်တည့်မှာ မြင်တွေ့ရတာပါ။ ဒါဟာ သဘာဝဓာတ်ပြောင်းလဲမှုကြောင့် ဖြစ်နိုင်တယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ပြောပါတယ်။ X-ray နဲ့ Scan ဖတ်စစ်ဆေးရာမှာ ခေါင်းနှစ်လုံးပေါင်းစပ်ဖြစ်ပေါ်နေတာမျိုးမဟုတ်ဘူးလို့ သားရဲတိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ပြောခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top