ကောင်းကင်ယံမှာ ပေါ်လာခဲ့တဲ့ ဂလက်ဆီပုံစံ အရစ်အခွေကြီး

19.4.2023-yyl-iamge-22.jpg

အလက်စကာပြည်နယ်ရဲ့ ကောင်းကင်ယံမှာ ပေါ်လာခဲ့တဲ့ ဂလက်ဆီပုံစံ အရစ်အခွေကြီးက ဒေသခံဓာတ်ပုံဆရာတွေကို တအံ့တဩဖြစ်သွားစေခဲ့ပါတယ်။ စနေနေ့ မနက်အစောပိုင်းက တော့ဒ် ဆာလက် ဆိုတဲ့ ဓာတ်ပုံဆရာဟာ အပြင်ထွက်ပြီး Delta Junction အနီးနားက ဥတ္တရအလင်းတန်းတွေကို ရိုက်ကူးဖို့ လုပ်ခဲ့တာပါ။ အဲ့ဒီအချိန်မှာ သူ့ဘဝမှာ မြင်တွေ့ဖူးသမျှထဲ အထူးဆန်းဆုံးဖြစ်ခဲ့တဲ့ အဲ့ဒီအရစ်အခွေကြီးကို မြင်တွေ့ခဲ့ရတာပါ။

ကောင်းကင်ယံမှာ တောက်ပတဲ့ အလင်းရောင်တွေကနေ အစပြုပြီး အရစ်အခွေကြီးဖြစ်လာခဲ့တာပါ။ ဒီမြင်ကွင်းပေါ်လာတာက ခဏလေးပါပဲ။ လူမှုကွန်ယက်ပေါ်မှာ ‘The Aurora Hunter” နာမည်နဲ့ သူ့ရဲ့ဓာတ်ပုံတွေတင်ပေးလေ့ရှိတဲ့ တော့ဒ်က ကောင်းကင်ယံမှာ အစိမ်းရောင် ရောင်ခြည်တွေနဲ့ ဝန်းရံထားတဲ့ တောက်ပနေတဲ့ အရစ်အခွေကြီးရဲ့ပုံကို ရိုက်ပြီး တင်ဖြစ်ခဲ့ပါတယ်။

အဲ့ဒီမြင်ကွင်းကို မြင်တွေ့ခဲ့ရတဲ့ ဒေသခံတွေက အထူးအဆန်းဖြစ်နေကြတာပါ။ တကယ်တော့ ဒီအရစ်အခွေကြီးက လျှို့ဝှက်ဆန်းကြယ်စရာတော့မဟုတ်ပါဘူး။ The University of Alaska Fairbanks Geophysical Institute ရဲ့ တွဲဖက်ပါမောက္ခတစ်ဦးဖြစ်တဲ့ ဒွန် ဟမ်ပ်တန်ကတော့ Space X ဒုံးပျံကနေ ပိုလျှံနေတဲ့လောင်စာဆီတွေကို ထုတ်လွှတ်ခြင်းကြောင့် ကလက်စီပုံစံ အရစ်အခွေကြီးဖြစ်လာတာဖြစ်တယ်လို့ ဆိုပါတယ်။ ကလက်စီပုံစံ အရစ်အခွေကြီးရဲ့ဓာတ်ပုံတွေက လူမှုကွန်ယက်ပေါ်မှာ အတော်လေးပျံ့နှံ့သွားခဲ့ပေမဲ့ ဒါက နေရောင်ကို ထင်ဟပ်နေတဲ့ ရေငွေ့မျှသာပါပဲ။

Photo – The Aurora Hunter by Todd Salat

Ref: Photographers Capture ‘Mysterious Spiral’ That Appeared Over Alaska: Here’s What an Expert Says Happened

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top