ကိုယ်ရံတော်ကို မိဖုရားခေါင်အဖြစ်တင်မြှောက်ခဲ့တဲ့ ထိုင်းဘုရင်

58800323_2356810984349808_8345596771568713728_n-1.jpg

ထိုင်းဘုရင် မဟာဝဇီရာလောင်ကွန်းဟာ သူ့ရဲ့ ကိုယ်ရံတော်အဖွဲ့ ဒုတိယခေါင်းဆောင်ကို လက်ထပ်ထိမ်းမြားပြီး မိဖုရားခေါင်ကြီးအဖြစ် တင်မြှောက်လိုက်ပါတယ်။ လာမယ့်စနေနေ့မှာ စတင်ကျင်းပမယ့် တရားဝင်နန်းတက်ပွဲမတိုင်ခင် ထိုင်းဘုရင့်နန်းတော်က အခုလို အံ့အားသင့်စရာကြေညာချက်ကို ထုတ်ပြန်ခဲ့တာပါ။

ထိုင်းဘုရင် မဟာဝဇီရာလောင်ကွန်းက အသက် (၆၆) နှစ်အရွယ်ရှိပြီး မိဖုရားခေါင်အဖြစ် တင်မြှောက်ခံရတဲ့ ဆူသီဒါကတော့ အသက် (၄၀) ပဲ ရှိပါသေးတယ်။ ဆူသီဒါဟာ အရင်တုန်းက ထိုင်းလေကြောင်းလိုင်းမှာ လေယာဉ်မယ်လုပ်ခဲ့သူပါ။ ၂၀၁၄ ခုနှစ်မှာတော့ မဟာဝဇီရာလောင်ကွန်းက ဆူသီဒါကို သူ့ရဲ့ကိုယ်ရံတော်တပ်ဖွဲ့မှာ ဒုတိယခေါင်းဆောင်အဖြစ်ခန့်အပ်ခဲ့ပြီး ၂၀၁၆ ခုနှစ် ဒီဇင်ဘာလမှာ ထိုင်းစစ်တပ်ရဲ့ ဗိုလ်ချုပ်ကြီးရာထူး ခန့်အပ်ခဲ့ပါတယ်။ မဟာဝဇီရာလောင်ကွန်းနဲ့ ဆူသီဒါတို့ တွဲနေတာ အချိန်တော်တော်ကြာခဲ့ပါပြီ။ ဒါပေမဲ့ သူတို့ရဲ့ဆက်ဆံရေးကို တရားဝင်ထုတ်ဖော်ခဲ့ခြင်းမရှိခဲ့ပါဘူး။ မဟာဝဇီရာလောင်ကွန်းဟာ ဆူသီဒါမတိုင်ခင် အိမ်ထောင်သုံးဆက်ရှိခဲ့ပြီး သားသမီး (၇) ယောက်ရှိပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top