ခရစ်စမတ်ဘိုးဘိုးလို့ ယုံကြည်ထားတဲ့ စိန့်နီကိုးလပ်ရဲ့သင်္ချိုင်းဂူနေရာကို တူရကီနိုင်ငံက ဘုရားကျောင်း‌အောက်မှာ ရှာဖွေတွေ့ရှိ

19-10-2022-yyl-14.jpg

ခရစ်စမတ်ဘိုးဘိုးလို့ ယုံကြည်ထားတဲ့ စိန့်နီကိုးလပ်ရဲ့သင်္ချိုင်းဂူနေရာကို တူရကီနိုင်ငံက ဘုရားကျောင်း‌အောက်မှာ ရှာဖွေတွေ့ရှိ

ရှေးဟောင်းသုတေသီတွေဟာ အလယ်ခေတ်အတွင်း မြေထဲပင်လယ်မှာ ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှုကြောင့် နစ်မြုပ်သွားခဲ့တဲ့ တူရကီနိုင်ငံက ရှေးဟောင်းဘုရားကျောင်းတစ်ခုရဲ့အပြိုအပျက်တွေကို ဖော်ခဲ့ပြီးနောက် ဆန်တာကလော့စ် (ခရစ်စမတ်ဘိုးဘိုး) လို့ယုံကြည်ထားကြတဲ့ စိန့်နီကိုးလပ်ရဲ့သင်္ချိုင်းဂူနေရာကို တွေ့ရှိခဲ့ပါတယ်။

စိန့်နီကိုးလပ်ရဲ့သင်္ချိုင်းဂူကိုကာကွယ်ဖို့အတွက် နစ်မြုပ်သွားတဲ့ ရှေးဟောင်းဘုရားကျောင်းရဲ့အုတ်မြစ်ပေါ်ကနေ အခြားအရှေ့ရောမအင်ပါယာဘုရားကျောင်း St. Nicholas Church ကို ဆောက်လုပ်ခဲ့တာပါ။ ဒါပေမဲ့ မကြာသေးခင်ကမှ ရှေးဟောင်းသုတေသီတွေက အရှေ့ရောမအင်ပါယာဘုရားကျောင်းရဲ့ကျောက်ကြမ်းခင်းတွေကို တူးဖော်ရင်းနဲ့ စိန့်နီကိုးလပ်ရဲ့နောက်ဆုံးကျိန်းဝပ်ရာနေရာကို တွေ့ရှိခဲ့ရပါတယ်။ အခုလိုရှာဖွေတွေ့ရှိမှုကြောင့် စိန့်နီကိုးလပ်က တူရကီမှာ နေထိုင်ပြီး သေဆုံးခဲ့တယ်လို့ ဆိုလို့ရပါတယ်။ ရှေးဟောင်းသုတေသီအဖွဲ့က ကျောက်အလွှာတွေရဲ့အောက်မှာ ပုန်းကွယ်နေတာတွေ့ရတဲ့ ပုံစံတူကျောက်ကြမ်းခင်းမှာ ခရစ်ယာဘုန်းတော်ကြီးစိန့်နီးကိုးလပ်ရဲ့ရုပ်ပုံကားချပ်ကိုလည်း တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

ခရစ်စမတ်ဘိုးဘိုးလို့ ယုံကြည်ထားတဲ့ စိန့်နီကိုးလပ်ရဲ့သင်္ချိုင်းဂူနေရာကို တူရကီနိုင်ငံက ဘုရားကျောင်း‌အောက်မှာ ရှာဖွေတွေ့ရှိ

ရှေးဟောင်းအုတ်မြစ်ပေါ်မှာ တည်ဆောက်ထားတဲ့ အရှေ့ရောမအင်ပါယာဘုရားကျောင်းက ၅ ရာစုနဲ့ ၁၂ ရာစုကြားမှာ အော်သိုဒေါ့ခရစ်ယာန်တွေအတွက် ဝတ်ပြုရာနေရာဖြစ်ခဲ့ပြီး စိန့်နီကိုးလပ်ရဲ့ရုပ်ပုံတွေနဲ့ ဝန်းရံထားပါတယ်။ အဲဒီဘုရားကျောင်းကို ယူနက်စကိုကမ္ဘာ့အမွေအနှစ်နေရာစာရင်းမှာ ၁၉၈၂ ခုနှစ်က ထည့်သွင်းခဲ့တာပါ။

အရှေ့ရောမအင်ပါယာဘုရားကျောင်းရဲ့ကြမ်းခင်းနဲ့ မြေပြင်ကြားမှာ ကွာဟချက်တွေရှိနေတာကို သိရှိခဲ့ရပြီးနောက်မှာ မူလရှေးဟောင်းဘုရားကျောင်းရှိတယ်ဆိုတဲ့ အရိပ်အယောင်ကို၂၀၁၇ ခုနှစ်မှာ ပထမဆုံး ရှာဖွေတွေ့ရှိခဲ့တယ်လို့ ယုံကြည်ရပါတယ်။ သုတေသီအဖွဲ့က စိန့်နီကိုးလပ်ရဲ့သင်္ချိုင်းဂူကို တွေ့ရှိခဲ့ပေမဲ့ အဲဒါ ကို ပျက်စီးမထိခိုက်စေဖို့ ဘုရားကျောင်းရဲ့ကြမ်းခင်းကို ဂရုတစိုက်ဖယ်ရှားဖို့ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

ခရစ်စမတ်ဘိုးဘိုးလို့ ယုံကြည်ထားတဲ့ စိန့်နီကိုးလပ်ရဲ့သင်္ချိုင်းဂူနေရာကို တူရကီနိုင်ငံက ဘုရားကျောင်း‌အောက်မှာ ရှာဖွေတွေ့ရှိ

ပြီးခဲ့တဲ့အပတ်က ပြည်နယ်ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးအဖွဲ့အကြီးအကဲ အိုစမန် အီရာဆာက “ပထမဆုံးဘုရားကျောင်းက မြေထဲပင်လယ်ရဲ့မြင့်တက်လာမှုနဲ့အတူ နစ်မြုပ်သွားခဲ့ပြီး ရာစုနှစ်အနည်းငယ်အကြာမှာ အထက်ကနေ ဘုရားကျောင်းအသစ်တစ်ခု တည်ဆောက်ခဲ့တယ်။ အခုဆို ကျွန်တော်တို့ ပထမဘုရားကျောင်းရဲ့အပြိုအပျက်တွေနဲ့ စိန့်နီကိုးလပ် တက်လျှောက်လှမ်းခဲ့တဲ့ ကြမ်းခင်းကို တွေ့ထားပါတယ်။ ပထမဘုရားကျောင်းကြမ်းခင်းရဲ့ကြွေပြားတွေကို တူးဖော်ပြီးပါပြီ”လို့ ပြီးခဲ့တဲ့အပတ်က ပြောခဲ့ပါတယ်။

ခရစ်စမတ်ဘိုးဘိုးလို့ ယုံကြည်ထားတဲ့ စိန့်နီကိုးလပ်ရဲ့သင်္ချိုင်းဂူနေရာကို တူရကီနိုင်ငံက ဘုရားကျောင်း‌အောက်မှာ ရှာဖွေတွေ့ရှိ

အေဒီ ၂၇၀ နဲ့ ၃၄၃ ကြား နေထိုင်ခဲ့တဲ့ ကက်သလစ် ခရစ်ယာန်ဘုန်းတော်ကြီး စိန့်နီကိုးလပ်က ဆင်းရဲနွမ်းပါးသူတွေကို ပေးကမ်းရက်ရောတာကြောင့် နာမည်ကြီးပါတယ်။ ပြည့်တန်ဆာဖြစ်မယ့်ဘဝကနေ မိန်းကလေး (၃) ဦးကို ရွှေအိတ်တွေ လက်ဆောင်ပေးခဲ့တဲ့ ဇာတ်လမ်းလည်းရှိခဲ့ပါတယ်။ ခရစ်ယာန်တစ်ဦးအနေနဲ့ စိန့်နီကိုးလပ်က ယေရှုရဲ့အဆုံးအမကို လိုက်နာပြီး ပိုင်ဆိုင်မှုပစ္စည်းအားလုံးကို ရောင်းချပြီး ဆင်းရဲသားတွေကို ပေးကမ်းခဲ့တာပါ။ ဒါပေမဲ့ ဒီအကြောင်းတွေကို သမိုင်းမှတ်တမ်းတွေမှာ ဖော်ပြမထားပေမဲ့ ဇာတ်လမ်းတွေအဖြစ် မျှဝေထားပါတယ်။

ခရစ်စမတ်ဘိုးဘိုးလို့ ယုံကြည်ထားတဲ့ စိန့်နီကိုးလပ်ရဲ့သင်္ချိုင်းဂူနေရာကို တူရကီနိုင်ငံက ဘုရားကျောင်း‌အောက်မှာ ရှာဖွေတွေ့ရှိ

မှတ်တမ်းတွေမှာတော့ စိန့်နီကိုးလပ်ကို သူ့ရဲ့အမည်နဲ့ တည်ဆောက်ထားတဲ့ ဘုရားကျောင်းမှာ မြှုပ်ထားတယ်လို့ ဆိုထားပေမဲ့ သူ့ရုပ်အလောင်းရဲ့တည်နေရာအတိအကျကတော့ အမြဲတမ်း ပဟေဠိဖြစ်ခဲ့ပါတယ်။ ဆန်တာကလော့စ် (ခရစ်စမတ်ဘိုးဘိုး) ဆိုတာ လိုအပ်တဲ့သူတွေ၊ ဆင်းရဲနွမ်းပါးတဲ့သူတွေကို ရွှေတွေ လျှို့ဝှက်ပေးတက်တဲ့ နာမည်ကောင်းနဲ့ နာမည်ကြီးတဲ့ စိန့်နီကိုးလပ်အကြောင်းဇာတ်လမ်းတွေအပေါ် အခြေခံထားပါတယ်။

ဆန်တာကလော့စ်ဆိုတဲ့ နာမည်က နစ်ကိုးရဲ့ဒတ်ချ်နာမည်ပြောင် ဆင်တာကလော့စ် (စိန့်နီကိုးလပ်နာမည်အတွက် ဒတ်ချ်ဘာသာဖြစ်တဲ့ ဆင့်နီကိုကလော့စ်ရဲ့အတိုကောက်) ကနေ ပြောင်းလဲဖြစ်ပေါ်လာခဲ့တာပါ။

Ref: Dailymail “Tomb of ‘Santa Claus’ is FOUND: Burial spot of Saint Nicholas who died more than 1,600 years ago is discovered underneath a church in Turkey”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top