မိတဆိုးသမီးငယ်အတွက် မိခင်လိုဝတ်စားပြီး ကျောင်းကပွဲတက်ပေးခဲ့တဲ့ဖခင်

preview-14258610-1200x630-99-1563962058.jpg

ဒန်နီရယ် ကော်ရီယား (Daniel Correa) ဆိုသူ အမျိုးသားက အသက် (၅) နှစ်အရွယ်သမီးလေး လူနာ (Luna) ကို ပြုစုပျိုးထောင်ပေးနေရတဲ့ ဂုဏ်ယူစရာကောင်းတဲ့ ဖခင်တစ်ယောက်ပါ။ ၂၀၁၆ခုနှစ်မှာ သူ့ရဲ့ဇနီး စတယ်လာ နိုတို (Stella Noleto) ဟာ (၉၆) ပါးသော ရောဂါနဲ့ မိသားစုကို မလွဲသာမရှောင်သာပဲ ထားသွားခဲ့ရပါတယ်။ “ကမ္ဘာပေါ်မှာ အကောင်းဆုံးအဖေဖြစ်စေရမယ်လို့ ကျွန်တော် ကတိပေးပါတယ်။ ကျွန်တော့ဘဝမှာ (၈) နှစ်တာ အကောင်းဆုံးနေထိုင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ မင်းကို တစ်သက်လုံး ချစ်သွားမှာပါ” ဆိုတဲ့ စာသားလေးနဲ့ အဲဒီဝမ်းနည်းစရာသတင်းကို တင်ခဲ့ပါသေးတယ်။

အသက်ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ခံစားရတဲ့ ဒီနာကျင်မှုတွေကို လူနာ ကျော်လွှားနိုင်ဖို့အတွက် ဒန်နီရယ်က အချစ်တွေ၊ ခွန်အားတွေနဲ့ သမီးလေးကို စောင့်ရှောက်ပေးခဲ့ရှာပါတယ်။ သူတို့သားအဖဟာ အခက်အခဲတွေကို အတူတကွ ကျော်ဖြတ်ကြသလို ပျော်ရွှင်စရာအမှတ်တရတွေကိုလည်း ဖန်တီးရင်း ရှေ့ဆက်လျှောက်လှမ်းခဲ့ကြပါတယ်။

၂၀၁၉ခုနှစ်မှာ လူနာလေးက အကြံတစ်ခုရရှိခဲ့ပြီး သူ့ရဲ့အဖေကို တစ်ရက်လောက် အမေဖြစ်ပေးပါ။ ဒါမှ သူ့ရဲ့ကျောင်းမှာ အမေများနေ့အထိမ်းအမှတ်အတွက် ပျော်ပျော်ရွှင်ရွှင်နဲ့ ကပြနိုင်မှာပါလို့ တောင်းဆိုခဲ့ပါတယ်။ ပထမတော့ သူ့ရဲ့အဖေက အဲဒါအတွက် အာမမခံနိုင်ဘူး။ အဘွား (သို့်) အဒေါ်ကို ခေါ်သွားသင့်တယ်လို့ အကြံပေးခဲ့ပါတယ်။ ဒါပေမဲ့ လူနာက သူ့ရဲ့အဖေကိုပဲ ခေါ်သွားချင်ခဲ့တာပါ။ နောက်ဆုံးမှာ သူ့ရဲ့အဖေကို ပွဲတက်ရောက်ဖို့ ဖျောင်းဖျပြောဆိုနိုင်ခဲ့ပါတယ်။

“မျက်ရည်တွေဝဲပြီး ကျွန်တော့ကို တစ်ရက်လောက် အမေအဖြစ် နေပေးဖို့ သမီးလေးက တောင်းပန်ခဲ့ရှာတာပါ။ ကျွန်တော့မုတ်ဆိတ်မွေးကို ပန်းရောင်ခြယ်ဖို့၊ သူ့မိခင်လိုဆံပင်မျိုးရွှေအိုရောင်ဆံပင်အတုတပ်ဖို့ ကျွန်တော့ကို တောင်းဆိုခဲ့ပါတယ်” လို့ ဒန်နီရယ်က သူ့သမီးတောင်းဆိုခဲ့တာကို မျှဝေခဲ့ပါတယ်။

ဒန်နီရယ်က ကျောင်းကပွဲမှာ သူ့သမီးလေးနဲ့အတူ မှတ်တမ်းတင်ထားတဲ့ဗီဒီယိုလေးကို သူ့အင်စတာဂရမ်အကောင့်မှာ တင်ရင်း “ကျွန်တော် စာချန်ခဲ့ချင်ပါတယ်။ သေခြင်းတရားဆိုတာ ရှောင်လွှဲလို့မရပါဘူး။ ဒါကို ကျွန်တော်တို့ ဝမ်းနည်းပူဆွေးစွာနဲ့ ကျော်ဖြတ်သွားစရာမလိုပါဘူး။ ဒါကို သဘောတူတယ်မလား။ လူနာ…သမီးလေးကို ချစ်ပါတယ်။ အမေ့ပုံစံလို ဝတ်ဆင်ထားတဲ့ အဖေ့ကို မြင်ရပြီး သမီးမျက်နှာမှာ အပြုံးလေးတွေ ပန်းဆင်နိုင်တာ မြင်ရတာ တန်ဖိုးမဖြတ်နိုင်တော့ပါဘူး” ဆိုတဲ့ စာသားလေးကို ရေးသားခဲ့ပါတယ်။ ဒန်နီရယ်ကတော့ သူ့သမီးလေးရဲ့ဆန္ဒကို ဖခင်ကောင်းပီသစွာနဲ့ ဖြည့်ဆည်းပေးသွားခဲ့ပါတယ်။

Ref: Brightside “A Widowed Father Disguised Himself As a Mom for a School Event to Make His Daughter’s Wish Come True”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top